ကျေးဇူးတင်လွှာ

9.2K 343 30
                                    

အားလုံးပဲ မင်္ဂလာပါ

( အချိန်ရရင် ဖတ်ပေးစေချင်ပါတယ်ရှင့် )

ပထမဦးစွာ ဒီ Story လေး စရေးထဲက အားပေးခဲ့တဲ့ စာဖတ်သူတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ် ရှင်
အရင်က ဆို follower 10 ယောက်တောင်မပြည့်တဲ့ ဒီ acc လေးကို Follow လုပ်ပေးတဲ့ Followers တစ်ယောက်ချင်းစီ ကိုလည်း ကျေးဇူးတင်ပါတယ် ရှင်။

စစရေးတုန်းကတော့ Daily Update နိုင်ပေမယ့် နောက်ပိုင်းမှာတော့ တစ်ပိုင်း တစ်ပိုင်း တင်ဖို့ကို ၁လ (သို့) ၂လ လောက်ကြာခဲ့ပါတယ်ရှင့်
Reading list တွေ Library တွေထဲကနေတောင် ထုတ်ပစ်လိုက်လောက်ပြီလို့ ထင်ခဲ့ပေမယ့် တင်တဲ့အခါတိုင်း အရင်လို Vote (star) တွေ ပေးခဲ့တဲ့ စာဖတ်သူတွေရော
Feedback လေးတွေ အမြဲ ရေးပေးတဲ့ စာဖတ်သူတွေကိုရော အရမ်းကို ကျေးဇူးတင်မိပါရှင့်
Feedback တစ်ခုချင်းစီကိုတန်ဖိုးထားပါတယ် နောက်ဆုံး emoji လေးတစ်ခုတည်းဆိုရင်တောင် တန်ဖိုးထားပါတယ် ရှင့်

Unicode မပြောင်းခင်ကာလမှာ ကျွန်မ
စာဖတ်သူတို့ရဲ့ Feedback တိုင်းကို သေချာဖတ်ပြီး reply ပြန်ခဲ့ပါတယ်။
နောက်ပိုင်းတွေ reply မပြန်နိုင်တာက စာဖတ်သူတို့က Zawgyi Ver နဲ့ ရေးတဲ့အခါမှာ
စာရေးသူကျွန်မ က ဖတ်မရတဲ့အခါ အတော်လေး ခံစားရပါတယ်။ ကိုယ်တန်ဖိုး ထားရတဲ့ စာလေးတွေကို ဖတ်ခွင့်မရတာဟာ တော်တော်ခံစားရခက်ပါတယ်။

Reply မပြန်တာနဲ့ ပတ်သတ်ပြီး ကျွန်မကို မာနကြီးတယ် ချေတယ်ဆိုပြီး မထင်စေချင်ပါဘူးရှင်။ တကယ်ကို Zawgyi နဲ့ ပြန်ရိုက်လို့မရလို့ စာမပြန်ဖြစ်ခဲ့တာပါ။
ဒါဆို Uni သမားတွေကျဘာလို့မပြန်လဲဆို​တော့ Zawgyi သမားတွေကို မပြန်ပဲ Uni တွေချည်း ကွက်ပြီး စာပြန်ရမှာက ကျွန်မစာဖတ်သူတွေ အပေါ် မမျှတရာရောက်တယ်လို့ခံစားမိတဲ့အတွက် မပြန်ဖြစ်ခဲ့တာပါ။
၎င်းအတွက် စိတ်အနှောင့်အယှက်ဖြစ်ခဲ့မယ်ဆိုရင် အနူးအညွတ် တောင်းပန်ပါရစေ။

Final Episode မှာလည်း Ss Ver နဲ့ ရိုက်ပြီး တင်ရတဲ့အတွက်ထပ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။ သေချာလေးဖတ်စေချင်ပေမယ့်
Zawgyi က ဘာဖြစ်မှန်းမသိ Copy လုပ်တုန်းရပြီး Paste လုပ်တဲ့အခါ Unicode ပဲ ပြန်ပေါ်လာတယ်အတွက် Ss Ver ဆိုပြီး တင်လိုက်ရတာပါ။ ဖတ်ရတာ စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့တယ်ဆို ထပ်ပြီး အနူးအညွတ် တောင်းပန်ပါရစေ။🙏😢😰

INFINITELY Where stories live. Discover now