Part-XII [ZawGyi & Unicode]

10.4K 1.1K 17
                                    

အလုံပိတ်ထားတဲ့ ကား အဲကွန်းခန်း ထဲ ဆေးလိပ်ငွေ့တွေကြောင့် TaeHyung တစ်ယောက် နှာခေါင်းရှုံမိသည်။

" Hyung!! ဆေးလိပ်သောက်မယ်ဆို ကားမမောင်းနဲ့
  အပြင်ထွက်သောက်ပြီးမှ ပြန်လာခဲ့ ''

" တောက်!! " Yoongi ရဲ့ ဒေါသတစ်ကြီး တောက်ခေါက် သံကြောင့် TaeHyung ကိုယ်လေး တုန်တတ်သွားသည်။ထို့နောက် Yoongi က သောက်လက်စ Cigarette ကို ကားမှန်အနည်းငယ်ချ၍ အပြင်ဘက်သို့ ပစ်ထုတ်လိုက်သည်။

ပိတ်နေတဲ့ ကားလမ်းကိုလည်း စိတ်မရှည်စွာ ဟွန်းတွေ
တရကြမ်းတီးနေသော Yoongi Hyung ကိုကြည့်ပြီး
TaeHyung တစ်ယောက် ဘာဖြစ်လို့ ဖြစ်နေမှန်း နားမလည်တော့။

" hyung...ဘာဖြစ်နေတာလဲ? " TaeHyung နားမလည် သလိုလေး မေးတော့ Yoongi hyung က သူ့ကို တစ်ချက်တောင်လှည့်မကြည့်။ ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်လျက် သူ့ကိုမေးလာသည်။

" အဲ့ကောင်နဲ့ သိတာ ဘယ်လောက်ကြာပြီလဲ ''

"JungKook sunbae ကိုပြောတာလား?? " TaeHyung အထိတ်တလန့် မေးတော့ ဘာမှပြန်မပြော။ ဆိတ်ဆိတ်နေခြင်းက ဝန်ခံ ခြင်း ဆိုတော့.....

" Pt တွေအတွက် JungKook sunbae တို့က
စစ်ပေးရတာ! "

" ငါတို့တုန်းက အဲ့လိုမရှိပါဘူး ဆရာတွေ က ဘာလုပ်နေလို့လဲ ''

" ကျွန်တော် လည်း ဘယ်သိမလဲ
ပထမနှစ်က လည်း ဆရာတွေပဲ စစ်ပေးတာ ခုမှပြောင်းသွားတာ ''

"  အရမ်းကြီး ရင်းနှီးမနေနဲ့ မကြိုက်ဘူး! ကိုယ်ပြောတာကြားလား ''

" အင်းပါ။ '' စိတ်ကျေနပ်အောင် ပြောလိုက်တော့ ဒေါသနဲနဲ ပြေသွားပုံရသည်။မျက်နှာထား အနည်းငယ် ပြေလျော့ သွားသည်။ ဟူး JungKook sunbae က ဖွင့်ပြောထားတာသာ သိရင် မလွယ်ဘူး။ သူလည်း ခုမှ စိတ်အေး
သွားဟန် ကားနောက် ကူရှင် ပေါ်မှီချလိုက်ပြီး တရေးလောက်အိပ်ရန် ပြင်လိုက်သည်။

>>>>>

"Tae  Tae လေး ထတော့ အိမ်ရောက်ပြီ''
Yoongi hyung နိုးတော့မှ အိပ်ချင်မူးတူးနဲ့ ကားထဲက
ထွက်လာခဲ့လိုက်သည်။
အိမ်ထဲရောက်တော့ hyung က အခန်းထဲထိ လိုက်ပို့ပြီး

" Tae လေး ဒီတိုင်းမအိပ်နဲ့ အင်္ကျီ လဲပီးမှ အိပ် ''
ပြောပြီး ဗီဒိုထဲက pyjamas တစ်စုံ ထုတ်ပေးသည်။
သူလည်း အင်္ကျီ လဲလိုက်ပြီး အိပ်ယာပေါ် လှဲချလိုက်သည်။
ခဏနေတော့ Yoongi hyung ပြန်ရောက်လာပြီး
စောင်လာခြုံပေး ၊ အဲကွန်း နံပါတ် adjust လုပ်ပေးရင်း

INFINITELY Where stories live. Discover now