Part - V [ ZawGyi & Unicode]

12.2K 1.2K 21
                                    

JungKook တစ်ယောက် ဟိုကောင်လေး ကို ဖုန်းဆက် ပြီး သူပေးထားတဲ့ Assignment file ကိုယူပြီး ချွတ်ထားတဲ့ Long Coat ကို ပြန်ဝတ်လိုက်သည်။

ထို့နောက် ဖုန်းကို ကောက်ယူပြီး အခန်းထဲ မှ ထွက်လာလိုက်သည်။ အဆောင်ရှေ့ရောက်တော့ သူတို့ အဆောင်ကို ကျောပေးပြီး စောင့်နေသော မနက်က ကောင်လေး။ သူလည်း ထိုကောင်လေးဆီ ခပ်သွက်သွက် လျှောက်သွားလိုက်ပြီး

" ရောက်နေတာကြာပြီ လား '' မေးလိုက်တော့ အလန့်တကြား လှည့်ကြည့်ပြီး

" nae'' သူ့ကိုကြည့်လိုက်တော့ နဖူး နဲ့ နားထင်စ နားလေးတွေ ချွေးတွေ စို့နေသည်။ ဆောင်းဦးရာသီ မှာ ချွေးစို့နေတဲ့ သူ့ကိုကြည့်ရင်း ကိုယ်ပါ မသက်မသာဖြစ်လာသည်။

" ပြေးလာတာလား ''

" nae '' လို့ပြောပြီးခပ်ဖြေးဖြေး ခေါင်းညိတ်ပြသည်။

" ဘာလို့ပြေးလာတာလဲ မင်းကိုဘယ်သူက ပြေးလာခိုင်းလို့လဲ''

" မီရာနဲ(တောင်းပန်ပါတယ်)''

" အမြဲပြောလိုက်ရင် တောင်းပန်ဖို့ကြီးပဲ
ကဲ ကားပေါ်တတ် '' ပြောလိုက်တော့

"Naeee ကျွန်တော် က လိုက်ရမှာလား Sunbae nim ကားနဲ့ ''

သူ့ကိုယ်သူလက်ညိုးထိုးလိုက် ကားကိုလက်ညိုးထိုး လိုက် နဲ့ မေးလာသည်။

" အဲ့ဆို လမ်းလျှောက်သွားမလို့လား'' ခပ်ရွဲ့ရွဲ့ မေးလိုက်တော့

''အာ Arnyiya( မဟုတ်ပါဘူး) '' ပြောရင်း Taehyung လည်း ပြောင်လက်နေသော BMW 640d ကားအနက်ပေါ် တတ်လိုက်ပြီး
ခါးပတ်ပါပတ်ထားလိုက်သည်။

Jungkook လည်းကားထဲဝင်လာပြီး ကားစက်နိုး၍ ကျောင်းထဲမှ ထွက်လာခဲ့သည်။ ကားလမ်းက နေ့ခင်းမို့လားတော့မသိ အရမ်းကြီး သိပ်မကျပ်။ ၁၅မိနစ် လောက်ပဲ မောင်းပြီး ကျောင်းကောင်စီ ရုံး သို့ ရောက်လာခဲ့သည်။

ကားပါကင်တွင် ကားကို သေချာ ထိုးပြီး ကားစက်သပ် လိုက်သည်။

" ဟိုရောက်ရင် ခံဝန်ထိုး ခိုင်းရင် ဒီတိုင်းဘာမှမပြောဘဲ
ထိုးလိုက်....ပြီးရင် မေးသမျှ ဖြေ စရာ မလိုဘူး
ငါပဲ ပြောမယ်။ မင်းက ဒီတိုင်း ငါလုပ်ခိုင်းတာလုပ် ဟုတ်ပြီလား''

INFINITELY Where stories live. Discover now