Final Episode (Unicode Ver)

12.1K 781 65
                                    

၅ နှစ်ခန့်ကြာသော်

အချိန်တွေလည်းပြောင်းလဲ လူတွေလည်း ပြောင်းလဲ ကုန်ပြီ။
သူလည်း မဟာတန်းပြီးလို့ England မှာ Scholarship နဲ့ကျောင်း ၂နှစ်တတ်ပြီး
England အခြေစိုက် ကိုရီးယား ကုမ္မဏီတစ်ခုမှာ
Project တစ်ခုလုံးကို တာဝန်ယူရတဲ့ အနေအထားတစ်ခုရောက်နေခဲ့ပြီ။
သူ့သူငယ်ချင်း Namjoon လည်း private company တစ်ခု တည်ထောင်နိုင်နေပြီ။
Hoseok ကလည်း ur Hope ဆိုတဲ့ brand name ရှိတဲ့ Fashion Company တစ်ခု ရှိနေပြီ ဖြစ်သည်။ အားလုံး သူ့အနေအထားနဲ့သူ အခြေကျ အနည်ထိုင်နေကြပြီ။

မိသားစုနဲ့ ခွဲခွာနေရတဲ့ ၅နှစ်အတွင်း သိသာလာတာတစ်ခုက အထီးကျန်ခြင်းဆိုတာ သူ့အတွက် အကောင်းဆုံး အဖော်မွန်တစ်ခုလိုဖြစ်နေပြီ။
အလုပ်တွေကြောင့် နောင်အနာဂတ် မျိုးဆက် မရှိမှာဆိုးလို့ အိမ်က အဖေနဲ့အမေက တစ်ဖက်တစ်လမ်းက ကူညီ ဖျောင်းဖျပေးနေပေမယ့် နှလုံးသား က ဘယ်သူ့ကိုမှ လိုက်မခံနိုင်တော့တာ အမှန်။

ဆယ်ကျော်သက်အရွယ်ကောင်လေးတွေလို
" မင်းမရှိလို့မဖြစ်ဘူး '' '' မင်းမရှိဘဲ အသက်မရှင်နိုင်ဘူး '' ဆိုတဲ့ မရေမရာစကားတွေလိုတော့ မခံစားရပေမယ့် ''တကယ်တမ်းတော့ မင်းကို ကိုယ်လွမ်းတယ် Tae ''

အမြဲတမ်း ထိုင်ဆွေး ထိုင်တွေးနေရတာ ကိုယ့်ပုံစံမဟုတ်တဲ့အတွက် အမြဲတမ်းတော့ မင်းအကြောင်းကိုယ်တွေးမနေဘူး။ တစ်ခါတစ်လေ အလုပ်တွေအရမ်းများ ရင် စဥ်းစားဖို့တောင် အချိန်မပေးနိုင်ခဲ့ဘူး။ လွန်ခဲ့တဲ့ ၅နှစ်က လုံလောက်တဲ့ စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှု မရှိခဲ့တဲ့ အတွက် မင်းအပေါ် ပြောဆိုခဲ့တာတွေအတွက်တော့ တကယ် စိတ်ရင်းနဲ့ ကိုယ်တောင်းပန်ချင်မိတယ်။ ခွင့်လွှတ်မှုကို လိုချင်တာမဟုတ်ပေမယ့်
ကိုယ်လုပ်ခဲ့တဲ့ အပြုအမူတိုင်းကို တာဝန်ယူပေးချင်တယ်။

၅နှစ်တောင်ကြာသွားပြီဆိုတော့ မင်းလည်း
ခုဆို အိမ်ထောင်တစ်ခုမှာ အခြေကျနေလောက်ပြီပေါ့။Min Yoongi နဲ့လည်း အရင်လိုဆက်ဆံရေးမျိုးမဟုတ်တော့ဘူး Tae, သူလည်း အိမ်ထောင်ကျပြီး သားလေးတစ်ယောက်တောင်ရနေပြီ, အရင်က သူ့အတ္တ အတွက် ကိုယ်တို့နှစ်ယောက်ကြားမှာ အနှောင့်အယှက် တစ်ခုဖြစ်ခဲ့တဲ့အတွက် သူကလည်း အမြဲ မင်းကို တောင်းပန်ချင်နေတယ်။

INFINITELY Where stories live. Discover now