Part-Vlll [ZawGyi & Unicode]

11.7K 1.1K 28
                                    

အချိန်အားဖြင့် ၁၁ နာရီ။🕚
စီးပွားရေး ဌာန ဒုတိယနှစ် စာသင်ဆောင်တွင်ဖြစ်သည်။

Taehyung တို့စာသင်ခန်းတွင် GM ဆရာမ အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေကြသည်။ ကျောင်းသားများမှာလည်း ငြိမ်သက်လျက်။

အကြောင်းမှာမူကား GM( ပထဝီ ) ချိန်ဖြစ်သဖြင့် ဘယ်သူမှ စိတ်မဝင်စား ။ အကုန် လုံး ကိုယ့် အာရုံနဲ့ ကိုယ်။
ဖုန်းခိုးသုံး တဲ့ သူက သုံး၊ ငိုက်တဲ့သူက ငိုက်၊ ပန်းချီ ဆွဲသူက ဆွဲ၊ Game play နေသူက လည်း သူ့အာရုံနဲ့သူ။

ထိုအထဲတွင် Taehyung လည်း ပါလေသည်။
Taehyung တစ်ယောက် အရှေ့မှ ဆရာမ ကိုကြည့်လိုက်တော့ အာပေါင်အာရင်း သန်သန်ဖြင့် GM တွေကို ဖတ်ပြနေသည်။ သူ့ ဘေးခုံမှ Jimin ကိုကြည့်လိုက်တော့ စာရွက်အလွတ် တစ်ရွက်ပေါ်မှာ တောင်ခြစ် မြောက်ခြစ်လုပ်နေသည်။

ဒီဘက်ဘေးက Soobin ကိုကြည့်တော့လည်း
ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေသည်။ ရှေ့တန်းက Wooji ကိုလှမ်းရှိုးတော့လည်း Game နှိပ်နေသည်။ နောက်က HyungWoo ကိုလှည့်ကြည့်တော့လည်း ငိုက်မြည်းနေသည်မှာ စိတ်ပျက်ဖွယ်ကောင်းလှပါဘိ။

Taehyung တစ်ယောက် သူငယ်ချင်းတွေကိုကြည့်၍
ခေါင်းတစ်ချက်ခါ၍ သက်ပြင်းချမိသည်။ ဆရာမ ကိုပြန်ကြည့်လိုက်တော့ အတန်းထဲက Hyper ကုတ်ကမြင်း
တစ်ချို့ နဲ့ ပနာသင့်နေပုံ။ မထူးတော့ သူလည်း အရမ်းပျင်းလာပြီ။ အချိန်က ခုမှ ၁၁ ကျော်ရုံရှိသေး။ ၁၂ နာရီ ထိုးမှ အတန်းဆင်းမှာ။ လာတတ်မိတာ ငါ့အမှား လို့ တွေးလိုက်ရင်း ဖုန်းကို ဘောင်းဘီ အိတ်ကပ်ထဲက ထုတ်ပြီး လိုင်းသုံးနေလိုက်သည်။

လိုင်းပေါ်မှာလည်း ထွေထွေထူးထူး ဘာမှမရှိ။ NF ထိုင်ပွတ်ရင်း ပျင်းလာပြန်သည်။ ထို့နောက် လိုင်းပြန်ပိတ်ဖို့ ပြင်လိုက်စဉ် ကတင်း 🔉 ဆိုတဲ့ message ဝင်သံကြောင့် အလန့်တကြား Media Volume ကို တိုးလိုက်မိသည်။ ဆရာမများ ကြားသွားမလားဆိုပြီး ခိုးပြီး လှမ်းကြည့်လိုက်တော့ Hypers တစ်သိုက်နဲ့ အဖွဲ့ကြနေဆဲ။

ထိုအခါမှ စိတ်အေး သွားပြီး Message ဘယ်သူများပို့တာလဲ လို့ ကြည့်လိုက်မိသည်။ မြင်လိုက်ရတဲ့ Profile ကြောင့် ယုံတောင်မယုံနိုင်။ မျက်လုံးအစုံပြူး တတ်သွားပြီး
Jeon Jung Kook ဆိုတဲ့ acc မှ Hi Taehyung
ဆိုတဲ့ Message ကို ကြောင်ကြည့်နေမိသည်။

INFINITELY Where stories live. Discover now