Part-III [ZawGyi & Unicode]

13.6K 1.3K 13
                                    

Taehyung point of view

တစ်ယောက်တည်း နေရတာမို့ အထီးကျန်တယ်ဆိုပေမယ့်
မိသားစု ဆိုတာ ကိုယ့်အတွက် ဘာမှမဟုတ်။ အဖေ နဲ့ အမေ ဟာ သူတို့အထင် ပိုက်ဆံ ရှိရင် အရာရာ အဆင်ပြေနေပြီဟုသာ။

Taehyung သည် တကယ်တော့ ယခုခတ် ဆယ်ကျော်သက် ကလေးတွေလို မိဘအပေါ် ဆိုးပြီး ချွဲ ချင်သော်လည်း ဖြစ်နေသော အခြေအနေများမှာ ကွာခြားလွန်းလှသည်။

စီးပွားရေး ကိုသာ ဦးစားပေးတတ်သော အဖေ နှင့် အဖေကို ချစ်လွန်းသော အဖေ့အား အင်မတန်မှ အနစ်နာခံတတ်သော အမေ၊ သူတို့နှစ်ယောက်၏တစ်ဦးတည်းသော သားဖြစ်လာခဲ့သည်။ ငယ်ငယ်တည်း က မိခင် မေတ္တာ ဆိုတာ ရခဲ့ပေမယ့် အဖေ ကတော့ သူ့အလုပ်တွေလောက်ဦးစားမပေးခဲ့။

ကလေး ပီပီ ဖခင်အပေါ် ဆိုးချင်းပေမယ့်

" Taehyung မင်း ကလေး လား
ဘာလုပ်ချင်လဲ ဘာလိုချင်တာလဲ ရှင်းရှင်းပြော''

'' မိန်းမ မင်း သားကို လာခေါ်စမ်း ငါဒီမှာ အလုပ် လုပ်နေတယ်''

ဆိုသော စကားလုံးများနဲ့ နေသားကျလာတဲ့ ကလေးလေး ဟာ နောက်ပိုင်းတွင် အနေအေးလာသည်။ တစ်ယောက်တည်း နေတတ်လာသည်။ အပေါင်းအသင်း ဆိုတာ သိပ်မရှိတော့။

အမေကလည်း အဖေ့အပေါ်နားလည် ပေးလွန်းတတ်သူမို့ '' သားရယ် သားအဖေက မေမေ တို့ အတွက် သားလေး အတွက် ပိုက်ဆံတွေ အများကြီးရှာနေတာ အဖေ့အပေါ် စိတ်မကွပ်ရဘူးနော်'' အမြဲထို စကားတွေနဲ့ သာ နှစ်သိမ့်ခဲ့သည်။

ကြာလာတော့ ဘာဆိုဘာမှဖြေရှင်းချက်လည်းမလိုချင်တော့ ပေးတာယူ ကြွေးတာစား ဆင်တာဝတ် အဲ့လိုဘဝနဲ့ သာ နေထိုင်ခဲ့သည်။

Taehyung အလယ်တန်းကျောင်းသား အရွယ်မှာ အဖေက LA မှာ ရုံးခွဲ ဖွင့်နိုင်သည်အထိ အဖေ က အလုပ်ကြိုးစားခဲ့သည်။ ချမ်းသာ ကြယ်ဝ မှုကလည်း တစ်နေ့ထက်တစ်နေ့ ပွားများလာခဲ့သည်။

လောဘတော မသတ် နိုင်တဲ့ အဖေက အမေရိကန် နိုင်ငံထိသွားရောက်၍ ဦးစီး ဆောင်ရွက်လိုသည်။ Taehyung ဘဝ အမှောင်ကျလေပြီ။
တစ်မိသားစုလုံး LA သို့ပြောင်းမည်တဲ့။ ဒါဘယ်လို မတရားမှုကြီးလဲ။

INFINITELY Where stories live. Discover now