အပိုင်း - ၂ (Zawgyi + Unicode)

31.1K 3.1K 173
                                    

#For Zawgyi

ကားထဲရောက်အောင် ဘယ်လိုလျှောက်လာခဲ့မိမှန်းပင်မသိ ။ စတီယာရင်ကို လက်နှင့် ခပ်ဆဆထုမိရင်း ခေါင်းပါ မှောက်ချမိသည် ။

မင်း...ဘယ်လိုတွေတောင် ရုပ်ပျက်ခဲ့တာလဲ 'ထင်းထင်သာ' ရာ.....။

ကိုယ့်ကိုယ်ကို ဘာဆိုတာ သိပေမယ့်လည်း ဖြတ်သန်းလာခဲ့တဲ့ အခု အသက် ၂၃ နှစ်အထိ ကိုယ့်အဖြစ်ကို သိသာသွားစေနိုင်တဲ့ ဒီလို လုပ်ရပ်မျိုးကို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပါ ။

ခုမှ....အခုမှ....။

ဟူးးးးးးးးးး ။

ထိန်းစမ်း...ကဆုန်ပေါက်နေတဲ့ ဒီစိတ်ကို ။

အသက်ကို မှန်အောင် မနည်းရှူရင်း ကိုယ့်စိတ်ကို ငြိမ်အောင် ပြန်တည်နေရသည် ။ ငြိမ်သွားတော့မှ

" ဟာ...သွားပီ ၊ ငါ့မမ အားးးးးး သေပါတော့ "

လေဆိပ်ထဲရောက်တော့ ၅ နာရီပင် ထိုးတော့မည် ။ မမတော့ ရောက်နေလောက်ပြီ ။ သူ အမောတကောနဲ့ လိုက်ရှာသော်လည်း ပျာယာခတ်နေလို့လားမသိ ။ မမကို ရှာမတွေ့ ။

" ဟေး.....သာသာ "

ဟော ဒါ သူ့ကိုခေါ်တဲ့ မမအသံ။ အသံလာရာ ကမန်းကတန်း လှည့်ကြည့်မိတော့ ရွှေအိုရောင် ဆံနွယ်အခွေအလိပ်တွေနဲ့ အလှကြီးလှနေတဲ့ မမက သူ့အား ခပ်ထေ့ထေ့ပြုံးကြည့်နေပီး
လက်နှစ်ဖက်ကို ဘေးသို့ဆန့်ကားကာ ကြိုနေ၏ ။

" မမ.... "

သူ ဝမ်းသာအားရ ကလေးတစ်ယောက်လို ပြေးကာ ဖက်မိတော့ မမက သူ့ကျောကို အသာပုတ်ရင်း

" ကြည့်စမ်း....ဘာမှလည်း ပြောင်းလဲမသွားပါလား သာသာ "

" မမကတော့ ပိုလှလာတယ် ၊ Facebook မှာ တင်ထားတဲ့ ပုံတွေထက် အပြင်မှာ ပိုလှနေတာ "

" မမက ပိုလှနေတယ်ပဲ ထားပါတော့ ၊ သာသာက ဘယ်လိုဖြစ်ပြီး တစ်ကိုယ်လုံး ပေကျံနေတာလဲ ၊ ဒါတွေကရော ဘာတွေပေနေတာလဲ ၊ သွေးတွေလား "

ဟာ...ဟုတ်သားပဲ ။ စိတ်နဲ့လူနဲ့ မကပ်ဘဲ ကားမောင်းထွက်လာခဲ့လိုက်တာ ဒေါက်တာပေးတဲ့ အင်္ကျီတောင် လဲမဝတ်ခဲ့ရ ။

" လမ်းမှာ accident အသေးစားလေးတစ်ခုကို ကူညီခဲ့ရလို့ မမ "

" ဒါနဲ့ပဲ ကျုပ်ကို အကြိုနောက်ကျတယ် ဆိုပါတော့ ၊ မဖြစ်ဘူး...မဖြစ်ဘူး ၊ ဒီကိစ္စကို ဘွားဘွားနဲ့ တိုင်ပစ်ရမယ် "

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now