#For Zawgyi
ကောင်းကင်မှာ စုံစုံညီညီရှိနေသည့် ကြယ်တွေနဲ့ လမင်းကြီးကို အကို့ရင်ခွင်ထဲကနေ မော့ကြည့်နေရသည်မှာ သူ့အတွက်တော့ အိပ်မက်တစ်ခုလို ။
အကိုကတော့ ရင်ခွင်ထဲကသူ့အား ငုံ့ကြည့်နေလိုက် နဖူးနဲ့ပါးပြင်တွေအား ဖျတ်ခနဲ ဖျတ်ခနဲ လှမ်းနမ်းလိုက်နှင့် အလုပ်ရှုပ်နေတော့သည် ။
" နမ်းလို့မဝသေးဘူးလား အကိုရာ "
" ချစ်လို့နမ်းတာလေ ၊ ချစ်နေသ၍ကတော့ တစ်ချိန်လုံး နမ်းချင်နေဦးမှာပဲ ၊ ပြီးတော့ အသာကိုယ့်ကို ပစ်သွားတဲ့အချိန်တွေက နည်းလား...ဟင် ၊ အဲ့ဒီအချိန်တွေအတွက်ပါ အတိုးချပြီး နမ်းနေတာ ၊ အဲ့တော့ ကိုယ့်အပြစ်နဲ့ကိုယ် ရင်ခွင်ထဲကနေ ငြိမ်ငြိမ်လေး အနမ်းခံနေ ၊ ဘာမှ အထွန့်တက်ဖို့စဉ်းစားမနေနဲ့ ၊ ကြားလား ကလေးပေါက်စလေး "
အကိုတစ်ယောက်ဟာလေ ။ အကို့စကားကြောင့် သူ ဟက်ဟက်ပက်ပက်ရယ်မိတော့ အကိုကလည်း လိုက်ပြီးရယ်လေသည် ။
သူ ဒီလို မရယ်ဖြစ်တာ အကို့ဆီက ထွက်လာပြီးကတည်းကပါပဲ ။ အော်...အရယ်အပြုံးတွေဆိုတာတောင်တောင် အကိုရှိမှ ဖြစ်တည်လာနိုင်တဲ့ဘဝပါလား ။
" အကို့ "
" အင်း.... "
" ကျွန်တော် ဒီရွာမှာ ရှိနေမှန်း ဘယ်လိုလုပ်သိသွားတာလဲ "
" အသာထွက်သွားကတည်းက ဗညားကို မှာထားတာ ၊ အသာဖုန်းဆက်လာခဲ့ရင် ပြောထားသမျှကို recording လုပ်ထားပေးဖို့ ၊ အဲ့ဒါ ဟိုနေ့က အသာနဲ့ဗညား အပြန်အလှန်ဖုန်းပြောထားတာကို ပြန်နားထောင်ရတော့ အသာက အကို့အငွေ့အသက်တွေနဲ့ ကင်းကင်းမနေနိုင်ဘူးဆိုတဲ့စကားကို ကြားလိုက်တဲ့အချိန်မှာ ကိုယ် ခန့်မှန်းမိသွားတာ "
" အကိုက လူလည်ကြီးပဲ "
" အမလေးဗျာ...ကိုယ်က လူလည်မဟုတ်လို့သာ ခင်များလေး ထွက်သွားတာကို မရိပ်မိလိုက်တာပေါ့ ၊ မရတော့ဘူး ၊ ဒီကရှေ့လျှောက်တော့ မျက်စိအောက်ကအပျောက်မခံဘဲထားမှ ဖြစ်တော့မယ် "
" ကျွန်တော်လည်း အကို့ကိုထားပြီး ထပ်ထွက်သွားဖို့ အင်အားမရှိတော့ပါဘူး အကိုရယ် ၊ အကိုမပါဘဲ လျှောက်ရတဲ့လမ်းက ဘယ်လောက်တောင် မှောင်မိုက်နေလဲဆိုတာ ကျွန်တော်ကောင်းကောင်းကြီး သိသွားပါပြီ "

YOU ARE READING
လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed
Romance#For Zawgyi ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှုများ ရှိခဲ့လျှင်လည်း စာရေးသူ၏ အားနည်းချက်ဖြစ်သောကြောင့် စာဖတ်သူတို့မှ ဖြည့်စွက်တွေးပေးရင်း ခွင့်လွှတ်ပေ...