အပိုင်း - ၃၅ ( Zawgyi + Unicode )

20.2K 2.2K 91
                                    

#For Zawgyi

လင်းလင်းဟာ မျက်ရည် တွေတွေကျရင်းက

" တကယ်တော့ လင်းက...လင်းက ဆက်နေနဲ့ချစ်နေကြတာပါ "

" ဟင် ငါ့ညီ ဆက်နေကို ပြောတာလား "

" ဟုတ်တယ် ၊ စင်ကာပူမှာ သူနဲ့လင်းနဲ့က တစ်ကျောင်းတည်း အတူတူတက်ရင်း ချစ်သူတွေဖြစ်ခဲ့ကြတာ "

ဘယ်လိုမှ ထင်မထားမိတဲ့အကြောင်းအရာတစ်ခုမို့ နားထောင်နေရင်းနဲ့ သူရော ဗညားပါ တကယ့်ကို တအံ့တသြ ဖြစ်ရသည် ။

" ဒါဆို အမ ကျောမှာထိုးထားတဲ့ tattoo က ကိုဆက်စေကို ရည်ရွယ်ပြီး ထိုးထားတာမဟုတ်ဘူးပေါ့ "

" အမချစ်သူ ဆက်နေရဲ့နာမည်အစကို ထိုးထားမိတာပါ ဗညားရယ် "

" ဒါဆို ဘွားဘွားသဘောတူထားတဲ့ ငါနဲ့ကိစ္စကို နင်က ဘာလို့ လက်ခံတယ်လို့ ပြောခဲ့တာလဲ လင်းလင်းရာ "

" အဲ့ဒါက ဒီလိုပါ ကိုဆက်ရယ် ၊ လင်း အခု မြန်မာပြည်ပြန်လာတာက ဆက်နေနဲ့ သဘောထားချင်းမတိုက်ဆိုင်ဘဲ ညှိနှိုင်းမရတဲ့ ပြဿနာတစ်ချို့ကြောင့်ပါ ၊ လင်းက မိသားစုတွေရှိတဲ့ ဒီမှာပဲ အခြေချချင်တယ် ၊ သူကလည်း သူငယ်ငယ်ကတည်းကနေခဲ့တဲ့ ဟိုနိုင်ငံမှာပဲ ပျော်နေတယ် ၊ ဒီကို ဘယ်လိုမှ ခေါ်လို့မရဘူး ၊ ပြီးတော့ ကိုဆက်သိတဲ့အတိုင်းပဲ ၊ ကိုဆက်ညီက ခေါင်းသိပ်မာတာ ၊ နောက်ဆုံး ဘယ်လိုမှ နားချလို့မရတဲ့ သူ့ကို စိတ်ဆိုးဆိုးနဲ့ လင်းက အတင်းပြန်ချလာတော့တာ "

" အဲ့တော့ အခု နင်တို့ရဲ့အခြေအနေက ပြတ်သွားတာမျိုးလား "

" မပြတ်ပါဘူး ၊ အဆက်အသွယ်တော့ ပုံမှန်ရှိပါတယ် "

" ဒါဆို ဘာကိစ္စ ငါနဲ့စီစဉ်တာကို လက်ခံခဲ့တာလဲ "

" ဘွားဘွားက လင်းကို မဖြစ်မနေ အိမ်ထောင်ချပေးချင်နေတာ ကိုဆက် ၊ ကိုဆက်နဲ့ကိစ္စကို ငြင်းလိုက်ရင်လည်း နောက်တစ်ယောက်နဲ့ထပ်စီစဉ်မယ့်ပုံမျိုးမို့ လောလောဆယ် အဆင်ပြေအောင် ခေါင်းငြိမ့်ထားလိုက်တဲ့သဘောပါ ၊ အေးအေးဆေးဆေး တစ်ရက်ကျ ကိုဆက်ကိုလည်း လင်းနဲ့ဆက်နေနဲ့ ကိစ္စကို ဖွင့်ပြောအကူအညီတောင်းပြီး ဘွားဘွားကို အချိန်ဆွဲထားချင်လို့ ခုလို လုပ်မိတာပါ "

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now