အပိုင်း - ၁၉ ( Zawgyi + Unicode )

20.4K 2.6K 287
                                    

#For Zawgyi

ဒဏ်ရာရတဲ့အတွက် ပျော်တဲ့သူဆိုလို့ ထင်းထင်သာဆိုတဲ့ သူတစ်ယောက်ပဲ ရှိမည်ထင်သည် ။ သူ ဒဏ်ရာရပြီးကတည်းက အကိုဟာ သူ့ကို အရိပ်တကြည့်ကြည့် ။

သူ့အား ဘာဆိုဘာမှ မလုပ်ခိုင်းဘဲ တစ်ချိန်လုံး ထိုင်နေစေကာ အကိုကသာ အကုန်လုပ်ပေး၏ ။ ယုတ်စွအဆုံး Toilet သွားတာတွေ ဘာတွေကအစ တွဲပြီး လိုက်ပို့ပေးတဲ့အထိပင် ။

ဒီလို အချိန်ပြည့် ဂရုစိုက်မှုတွေကိုသာ ရနေမယ်ဆိုရင် အကို့ရဲ့ တစ်သက်တာ လူနာလေးဖြစ်ရလည်း ဖြစ်ချင်ပါတယ် အကို..... ။

ဒဏ်ရာရပြီး ပြန်ရောက်ရောက်ချင်း ဆေးထည့်တုန်းကလည်း အကိုက ကိုမင်းသီဟကိုပဲ ထည့်ခိုင်းပြီး အကိုကတော့ သူကြောက်နေမှာကို စိုးရိမ်ကာ သူ့အား ဖက်ထားပေးခဲ့သည် ။

သူ့မှာဖြင့် အကို့ရင်ခွင်ထဲမှာ ရင်ခုန်နေရတာနဲ့တင် ဆေးထည့်တာ ဘယ်လိုပြီးလို့ ပြီးသွားမှန်း မသိလိုက်ချေ ။

ဒီအခြေအနေတွေကို ကျေနပ်ရလွန်းလို့ ကျောက်တုံးကို တက်နင်းမိတဲ့ ကိုယ့်ခြေထောက်လေးကိုကိုယ် ကျေးဇူးတင်မဆုံးတွေတောင် ဖြစ်နေရသည် ။ ဒီလိုမျိုးကတော့ ဆယ်ခါပြန် ခြေထောက်ကွဲလည်း အကွဲခံရဲပါတယ်လေ ။

အကို သူ့ကို ပူပန်နေတာလေးကို ကြည့်ပြီး ဒဏ်ရာကို မေ့ကာ ပီတိတွေ တစိမ့်စိမ့် ထိုင်ဖြစ်နေမိတဲ့ ထင်းထင်သာ ပါ ။

အကိုနဲ့ပတ်သက်ရင် ထင်းထင်သာတို့က အဲ့လိုတွေကို ရူးပစ်တာ.... ။

တွေးတွေးပြီး ပီတိဖြစ်နေရင်းက သဘက်ခါမနက်ကျရင် ပြန်ရတော့မှာကို တွေးမိတော့ လူက နုံးချိသွားရပြန်သည် ။

သူ မပြန်ချင်ပါ ။ အကို့နားမှာပဲ ခုလို အချိန်ပြည့် တွယ်ကပ်နေချင်သည် ။ ရန်ကုန်ပြန်ရောက်ရင် ကိုယ်စီကိုယ်စီ အိမ်ပြန်ပြီး တစ်နေ့ကို ခဏတဖြုတ်လောက်သာ တွေ့ရမည့် အခြေအနေမျိုးကို ပြန်မရောက်ချင်ပါ ။ ဖြစ်နိုင်ရင် ဒီအချိန်တွေကို ဒီမှာပဲ ရပ်တန့်ထားပစ်လိုက်ချင်မိသည် ။

အကို့ဂရုစိုက်မှုတွေကြားမှာ ကျွန်တော်နေသားကျနေပြီလေဗျာ........ ။

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now