အပိုင်း - ၂၂ ( Zawgyi + Unicode )

20.7K 2.5K 248
                                    

#For Zawgyi

တောင်ကြီးက ပြန်လာပြီးသည့် နောက်ပိုင်းမှာလည်း သူတို့နှစ်ယောက်ကြားက အခြေအနေကို အရင်အတိုင်းလေးဘဲ ဖြစ်အောင် သူ့ဘက်က အကြီးတစ်ယောက်အနေနဲ့ အတတ်နိုင်ဆုံးထိန်းသည် ။

ကလေးကို လမ်းမှားမရောက်အောင် ထိန်းရမည်ဆိုသည့်အသိကြောင့်သာ ထိန်းနေရသော်လည်း သူကိုယ်တိုင်က ထိုအမှားကို ကျူးလွန်ချင်နေတာ ခက်၏ ။

သူ့စိတ်အပြောင်းအလဲကို မရိပ်မိသည့် အသာကတော့ သူ့အပေါ် တွယ်တာနေမြဲ ။ သိများသိသွားခဲ့ရင် အခြေအနေတွေဟာ ဘယ်လိုများ ဖြစ်လာမှာပါလိမ့် ။ ကိုယ့်ညီလေးတစ်ယောက်အပေါ် ဒီလိုစိတ်မျိုး ထားရက်ရသလား ဆိုပြီးများ ရွံသွားလေမလား ။

အတွေးနဲ့တင် ခြောက်ခြောက်ခြားခြား ဖြစ်ရလွန်းပါသည် ။

" အကို ဒီနေ့ အစောကြီးရောက်နေပါလား "

အတွေးလွန်နေတာနဲ့ အသာ့ကားသံကိုတောင် မကြားလိုက်မိ ။ ဆေးခန်းထဲဝင်လာပြီး နှုတ်ဆက်တော့မှသာ သူ့မှာ သတိပြန်ကပ်မိတော့သည် ။

" အင်း...ဆေးရုံက ဂျူတီနည်းနည်းစောပြီးလို့ "

" လမ်းမှာ ပွဲဈေးတစ်ခုတွေ့ခဲ့လို့ ရေမုန့်ဝင်ဝယ်ခဲ့သေးတယ် ၊ အကို စားတတ်လားဟင် "

" စားတတ်ပါတယ် အသာရဲ့ ၊ ဘာလို့လဲ "

" မသိပါဘူးဗျာ ၊ ဆရာဝန်တွေက အသန့်ကြိုက်တတ်တော့ လမ်းဘေးစာတွေ ဘာတွေများ မစားတတ်ဘူးလားလို့ "

" အာ...ကိုယ်က အဲ့လောက်ဇီဇာမကြောင်ပါဘူး အသာရယ် "

" ဒါဖြင့် စားမယ် လာ အကို ၊ ကျွန်တော်က ရေမုန့်ကို အရမ်းကြိုက်တာ ၊ ဒီမုန့်ကလည်း ပွဲဈေးတွေကလွဲပြီး တစ်ခြားနေရာတွေမှာ မတွေ့ရတတ်တော့ ပွဲဈေးတွေ့ပြီဆိုတာနဲ့ ရေမုန့်ဆိုင်လိုက်ရှာပြီး ဝယ်တာပဲ ၊ အဲ့ဒါကြောင့် ဒီနေ့ နည်းနည်းနောက်ကျသွားတာ ဟီးဟီးး "

သူ့အား စကားတွေ တရစပ်ပြောနေပုံထောက်တော့ ဒီကလေးလေး ပျော်နေပုံပင် ။ မျက်နှာလေးကလည်း ပုံမှန်ထက်ကို ပြုံးနေသလားလို့ ။

" အသာ ပျော်စရာကိစ္စတစ်ခုခု ရှိလာတာလား "

" ဟင် အကိုက ဘယ်လိုလုပ်သိတာလဲ "

လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed Where stories live. Discover now