part-1 [ Z + U ]

29.4K 1.2K 17
                                    

Zawgyi

X မြို့ရဲ့ကားလမ်း​မတစ်​​နေရာ၌မီးပွိုင့်​မိ​နေ​သောကားတစ်​စီးရှိ​ပေသည်​။

ထိုကား​ပေါ်မှာ​တော့ ​ချော​မောလှပ​သောအမျိုး​ကောင်းသားတစ်​ဦးသည်​​မောင်းသူ​နေရာတွင်​ထိုင်​​နေပြီး ပါးစပ်​မှလည်းပွစိပွစိ

မသိရင် ဂါထာတစ်ခုရွက်​ပြီးပဲတစ်​စုံတစ်​​ယောက်​ကိုကျိန်​စာတိုက်​​နေသလိုလို

တိုက်​​တော့တိုက်​​နေတာပဲ  လူကို​တော့မဟုတ်​ဘူး မီးပွိုင့်​ကို

"အ​ရေးထဲမှပဲ duty ချိန်​​နောက်​ကျ​နေပါပြီဆိုကွာ ဒီမီးပွိုင့်​ကတစ်​မျိုး
ငါလာမှ မီးနီကြားလားမီးပွိုင့်​အစုတ်​ပလုတ်
မီးစိမ်းမယ့်​အ​ရေးကလည်းတစ်​ကမ္ဘာ​လောက်​ကြာတယ်
မိုးရာသီတုန်း​ကမိုးကြိုးပစ်​ပြီး တစ်​စဆီပျက်​စီးသွားရမှာ..."

စသည်​စသည်​ဖြင့်​ မီးမစိမ်းမချင်းကားထဲက​နေမျိုးစုံ ​မေတ္တာပို့သ​နေ​သော ဆရာဝန်​​လေး​ရှောင်​ကျန့်

ပြီး​တော့​ပြော​သေးတယ်​ ဘာတဲ့
မီးပွိုင့်​ကသူ့ကိုကြိုက်​​နေလို့ သူ​ရောက်​ခါမှမီးထနီတာလားတဲ့

မီးပွိုင့်​သာလူဆိုရင်​နားပိတ်​ပြီးထွက်​​ပြေးသွားမှာအ​သေအချာ

ငါ​လေးနားပူမခံနိုင်​ပါဘူး​နော်

ရှောင်ကျန့်ေ​​ဆးရုံ​ရောက်​​တော့ သူ့အချိန်​ကပြီး​တောင်​​နေပြီ
ဝူချန်းက အစားဝင်​​ပေးထားလို့​တော်​​သေးတာ​ပေါ့

"​ကျေးဇူးပဲ ဝူချန်းရာ
မင်းသိတဲ့အတိုင်းပဲ လမ်းမှာမီးပွိုင့်​​ခနခနမိ​နေတာ​လေ အဲ့ဒါ​ကြောင့်​ပါ အဟဲ
ငါ မင်းအချိန်​ကျရင်​ပြန်​၀င်​​ပေးမယ်​​လေကွာ​နော်​ "

ရှောင်​ကျန့်​ရဲ့ duty ချိန်​ကမနက်​ပိုင်းဖြစ်​ပြီး ဝူချန်းက​နေ့ခင်းပိုင်းမှဆို​တော့ ဝူချန်းခမျာ အစားထိုး ခနခန၀င်​​ပေးရလေသည်

"​အေးပါ မီးပွိုင့်​မိတာပဲ​ပြော မင်းအိပ်​ယာထ​နောက်​ကျ​နေတဲ့အ​ကြောင်း​တော့မ​ပြောနဲ့သိလား
ပြောပါအုံးညကဘယ်​အချိန်​မှအိပ်​လဲ"

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now