part-28 [.Z+U ]

5.8K 684 30
                                    


Unicode

"ပူလိုက်တာ အရမ်းပူတာပဲ"

"ဟုတ်ပါ့ ဆရာရယ်"

နေအရမ်းပူလို့ရှောင်းကျန့်ကငြီးပြောတော့ရှင်းယကလည်းအလိုက်သင့်ပြန်ပြောလေသည်။
ဟုတ်တော့လည်းဟုတ်တယ် အရင်တစ်ခါမိုးရွာပြီးတည်းကနောက်ပိုင်းကိုပူလာလိုက်တာဆိုတာ ငရဲပြည်ကိုလက်မှတ်မပါဘဲအရှင်လတ်လတ်ရောက်နေရသလိုပဲ

"ဒါနဲ့ဆရာ"

"အင်း ပြောလေ"

"ဟို... ချန်းကော ညီမကိုစိတ်ဆိုးနေမလားမသိဘူး ကောကိုလွှတ်လိုက်တာကညီမဆိုတော့လေ.."

ရှင်းယကမဝံ့မရဲမေးလေသည်။

ရှောင်းကျန့်ကစိတ်ထဲမှာတော့
အမှန်အတိုင်းဆိုဒီကိစ္စကိုဖန်တီးပေးတာဆရာမမှန်းတောင်မသိရှာပါဘူးဗျာ ကျွန်တော်လုပ်တယ်ပဲထင်နေတာအဲ့အကောင်က မနေ့ကပဲဖုန်းဆက်ပြီးမင်းငါ့ရှေ့ပေါ်လာရဲပေါ်လာကြည့်ငါကိုယ်တိုင်ဆေးထိုးသတ်ပစ်မယ်ဆိုပြီးကျိန်းခဲ့သေးတယ် တွေးရင်းကျောတောင်ချမ်းလာသလိုပဲ

ရှောင်ကျန့်သူ့ကျောကိုမမှီတမှီလှမ်းပုတ်လိုက်ပြီး

"အင်း အဲ့ဒါပဲပြောမလို့ သူတို့နှစ်ယောက်ကိုဝူချန်းရဲ့အမေကဒီအပတ်ထဲမှာပဲလက်ထပ်ပေးတော့မယ်တဲ့လေ"

"ကောလှမ်းပြောလို့သိပြီးပါပြီ ကောကတော့တော်တော်ပျော်နေပုံပဲ ကောအသံနားထောင်ရင်းညီမတောင်ပျော်မိတယ်"

အင်းပါ ကိုယ့်ကြိုက်နေတဲ့လူကိုပြန်မကြိုက်ဘဲအနစ်နာခံပြီးကိုယ့်အစ်ကိုကိုပေးလိုက်တဲ့အစ်မကြီးရယ် fujoshi ပီသပါပေတယ်

"တစ်ခုပဲ ချန်းကောကကောကိုမမုန်းလောက်ပါဘူးနော် သူ့ခမျာမချစ်ဘဲလက်ထပ်ရတော့မှာလေ ပြီးတော့ယောကျ်ားတစ်ယောက်နဲ့"

သူ့အစ်ကိုအမုန်းခံရမှာကိုစိုးရိမ်သွားတော့မျက်နှာကချက်ချင်းငြိုးကျသွားလေသည်။ ရှောင်းကျန့်အရင်ချိန်တွေတောင်သတိရသွားလေသည်။

"မေတ္တာဆိုတာရောင်ပြန်ဟပ်တတ်ပါတယ် ဝူချန်းလည်းတစ်နေ့တော့ ရှင်းပိုင်ကောကိုပြန်ချစ်လာမှာပါ..."

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now