part-22 [ Z+U ]

7K 751 49
                                    

Unicode

"အမ် ဒါက ဘာတွေဖြစ်လာကြတာတုန်း"

"အဲ့ဒါကလေ ကိုကိုကခြေထောက်နာလာလို့လမ်းမလျှောက်နိုင်ဘူးဆိုလို့ အဲ့ဒါ ဒီထဲထည့်ခေါ်လာတာ ဟီး"

ဝမ်အမေကအိမ်ပေါက်ဝကဆီးမေးတော့ ရှောင်းကျန့်လည်းကြားကောင်းအောင်ပြန်ဖြေလိုက်တယ် လှည်းထဲမှာတော့တွန်းလှည်းကိုမီးရှို့ပစ်ချင်နေတဲ့ရုပ်နဲ့ဝမ်ရိပေါ်ကထိုင်လို့။

တစ်ကယ်လည်းဟုတ်တာပဲလေနော သူ့ခန္ဓာကိုယ်ကြီးကိုငါလေးကနိုင််မလား မနိုင်လို့ဒီလိုမျိုးသယ်တဲ့ဟာကိုစိတ်ကကောက်နေသေး မချော့နိုင်ပါဘူး လုံးဝပဲ...

ဝမ်အမေကတော့ပြုံးပြီးလှည်းထဲကရိပေါ်ကိုတွဲဖို့လုပ်တော့ ရိပေါ်က

"ရတယ်အမေ သားလမ်းလျှောက်နိုင်တယ်"

"ဖြစ်လို့လား သားရဲ့ ဒီလိုသယ်လာရတယ်ဆိုတော့အနာကပိုဆိုးလာလို့မဟုတ်ဘူးလား"

"မဟုတ်ပါဘူးဆိုဗျာ အမေကလည်း"

ပြောပြီးတာနဲ့လှည်းပေါ်ကဆင်းကာအိမ်ထဲဝင်သွားပါသောဝမ်ရိပေါ် လှမ်းသွားတဲ့ခြေလှမ်းတွေကယိုင်တောင်မသွားဘူး စိုက်ခင်းမှာတော့ကူမတွဲပေးရင်ချက်ချင်းခြေထောက်ကြီးပြတ်ထွက်တော့မလိုလုပ်နေပြီးတော့အခုကျသူမဟုတ်တဲ့အတိုင်းပဲ

ရှောင်းကျန့်ကြိတ်ရယ်နေရတယ် ဒါ သူစိတ်ကောက်သွားတာပေါ့လေ အဟင်း လူကြီးဟာလေကလေးလေးကျနေတာပဲ

"သားတို့ဘာဖြစ်လာကြတာလဲ ရန်ဖြစ်လာကြလို့လား"

"မဟုတ်ပါဘူးမေမေရဲ့ "

"အေးပါကွယ်သားတို့အဆင်ပြေရင်ပြီးတာပါပဲ "

ရှောင်းကျန့်ဟိုဟိုသည်သည်ကြည့်ကာ

"မေမေ ဝူချန်းရော"

"လူနာတွေရောက်နေလို့ဆိုလားပဲ  စားပြီးတာနဲ့ဆေးခန်းကိုတန်းပြန်သွားလေရဲ့ "

လူနာရောက်နေလို့တော့မဟုတ်လောက်ဘူး ဆေးခန်းက nurseမလေးကိုပိုးချင်လို့ပြန်သွားတာပဲနေမယ် ဝူချန်းတို့ကတော့လူရွေးတာအကြီးအကျယ်မှားသွားပြီ ဟိုကယောကျ်ားလေးနှစ်ယောက်ကိုဘယ်လိုချိတ်ပေးရင်ကောင်းမလဲပဲစဥ်းစားနေတဲ့fujoမ အဟင်း မင်းတော့လင်ပေးစားမခံရရင်ပဲကံကောင်းတယ်မှတ်တော့ ဝူချန်းရေ...


𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now