part-4 [ Z+U ]

9.3K 1K 36
                                    

Zawgyi

ခြံထဲကိုရိ​​ပေါ်ဝင်လာပြီဆိုတည်းက အိမ်​​ရှေ့မှာ တံမြက်စည်းလှည်း​​နေတဲ့အ​​မေက တံမြက်စည်းပစ်ချကာ အ​​ပြေး​လေးလာတယ်။

"၀မ်​​လေး ဆရာဝန်​လေးပါလာပြီလား"

"ပါလာပြီ အဖိုးအိမ်မှာရှိတယ်"

"ဘယ်လို​​နေလဲဓါတ်ပုံထဲကထက် အများကြီးချစ်ဖို့​ကောင်းတယ်မလား"

ရိပေါ်ဟွန့်ခနဲလုပ်လိုက်တယ်။
သူလားချစ်ဖို့ကောင်းတာရုပ်ကိုက မျက်မှန်အဝိုင်းကြီးနဲ့ဒီ​​လောက်ကြည့်ရဆိုးတာကို

"ပြီး​​တော့ ဆရာဝန်​​လေးကမြို့ကဆို​​တော့ လူယဉ်​​ကျေး​​လေး​​နေမှာ"

လူယဉ်​​ကျေး​​တွေကရန်​တွေ့တတ်တယ်လား

"ဟုတ်မှာ​ပေါ့"

ရိပေါ်ကသမန်ကာလျှံကာ​ပြန်ဖြေလိုက်သည်။ဝမ်အမေကတော့

"အမယ်​​လေး အခုချက်ချင်း​​တောင်သွား​တွေ့ချင်​နေပြီ
ပြော​နေကြာတယ် အ​​မေသွားပြီးစကား​​ပြောလိုက်အုံးမယ်"

ချက်ချင်းကြီးထသွားဖို့လုပ်​​နေလို့ ရိ​​ပေါ်မှာဆွဲထားရ​​သေးတယ်။

"အ​​မေရယ် ဟိုကခုမှ ​​ရောက်ရုံရှိသေးတယ်​​လေ
ခရီးပန်းလာတဲ့လူကိုစကားသွား​​ပြောအုံးဖို့လား
မနက်မှသွားပါဗျာ"

"အို မျက်နာ​​လေး​တော့မြင်ဖူးချင်တယ်​လေ ၀မ်​​လေးရဲ့
ဓါတ်ပုံထဲမှာပဲမြင်ဖူးတဲ့ဟာ အပြင်မှာ​​တွေ့ဖူးချင်တာ​​ပေါ့လို့"

"ဒါဆိုလည်းညမှသွားဗျာ သူခရီးပန်းလာတယ် ဒါပဲ"

"အယ်..!"

တော်​​​တော် ​​မွေးရကျိုးနပ်တဲ့သား​​လေးဘာမှတောင်မဖြစ်ရ​သေးဘူး သူ့ဟာ​​လေးကို
ဖြစ်ပျက်​​နေလိုက်တာ ​​ခေတ်ကာလသားသမီးတွေများ ​ပြောမ​ပြောချင်ပါဘူး​အေ....

ရိ​ပေါ်က​ပြောပြီးတာနဲ့ခ​​မောက်​ဆောင်းကာဆန်စက်ကိုသွားတယ်
ဒီ​​နေ့ဆန်ကျိတ်ဖို့စပါး​​တွေလာအပ်သွားတာအများကြီးပဲ သူလာမှ
ဟို​ကောင်​​တွေက​​သေချာအလုပ်လုပ်ကြတာ
မြန်မြန်သွားရမယ်

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now