part-31 [ Z+U ]

7K 625 51
                                    


Unicode

"ရောက်တုန်းရောက်ခိုက် ဆေးရုံမှာကူမယ်တော့မရှိဘူး"

"ပါးကလည်းတစ်ခါတစ်လေလေးလာတာကိုအလုပ်တွေခိုင်းတော့ဖို့လား"

မနက်စာစားနေကြရင်းရှောင်ပါးကဆိုတော့သားဖြစ်တဲ့လူကလည်းပက်ခနဲပဲ ဘယ်ကတည်းကအခုလိုပြောချင်နေတယ်မသိဘူး အေးပေါ့မတွေ့ရတာတစ်နှစ်တောင်ကျော်ပြီပဲ

"ရိပေါ်တို့ကတော့ဘယ်လောက်တောင်အလိုလိုက်ထားတာလဲမသိဘူး ရှောင်းကျန့်ကငပျင်းဖြစ်နေပြီ"

"သားကပျင်းတာမဟုတ်ပါဘူးနော် ကိုကို့ကိုဒီကနေရာတွေလိုက်ပြချင်လို့"

"မှတ်တောင်ထားရအုံးမယ် ငါ့သမက်ကကလေးဆိုတော့လိုက်ပြရမှာပေါ့ မင်းစပ်စလူးထချင်နေတာမသိဘူးထင်နေလား"

"ပါး!"

"အဖေရယ် စ,မနေပါနဲ့တော့ နှုတ်ခမ်းကြီးကတစ်တောင်လောက်ထွက်နေပြီ "

"ကိုကို!!"

ဟား ဟား ဟား

မနက်စာပွဲဟာရယ်သံတွေနဲ့ပြည့်နှက်သွားတယ်။ ရှောင်မားကတော့သူ့ရှေ့ကသားနဲ့သားမက်ကိုကြည့်ပြီးပီတိတွေဖြာနေလေရဲ့

တစ်ကယ်ကိုတော်ပါသေးရဲ့ ရှောင်လေးကရိပေါ်လေးကိုပြန်မချစ်နိုင်ဘူးလို့ထင်ထားတာ အခုလိုမျိုးမြင်ရတော့တစ်ကယ်ကိုစိတ်ချမ်းသာရပါတယ်လေ

.............

"ဟင်! ကစားကွင်း?"

"အင်းလေ"

မြို့ကနေရာတွေလိုက်ပြမယ်ဆိုပြီးခေါ်လာတာက ကစားကွင်းတဲ့ ကလေးစိတ်မပျောက်သေးဘူးလားမေးရင်လည်းသူပဲစိတ်ကောက်အုံးမယ်

"ဘာလဲ ကိုကိုကမသွားချင်ဘူးလား"

ဟော လူကိုချွဲတော့မယ် အဟင်း အချွဲခံရအောင်နည်းနည်းတော့မူလိုက်အုံးမှပါ ဟီဟိ

"တစ်ခြားနေရာသွားမယ်ကွာ"

"ကိုကိုကလည်း..."

ရှောင်းကျန့်ကရိပေါ်ရဲ့လက်မောင်းကိုလှုပ်ရမ်းကာချွဲလေသည်။ ရိပေါ်တမင်မျက်နှာကြီးကိုရှုံ့ထားရပေမယ့်တစ်ကယ်အရည်ပျော်နေပြီ လူတစ်ကိုယ်လုံးကိုပွေ့ပြီးရမ်းပစ်လိုက်ရရင်တော့...

🎉 You've finished reading 𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎) 🎉
𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now