part-11 [ Z+U ]

9.2K 956 26
                                    


Zawgyi

ရိပေါ်သူခိုင်းတာမလုပ်တဲ့ရှောင်ကျန့်အားကြည့်ကာညစ်ကျယ်ကျယ်ပြုံးလိုက်တယ်။ ထို့နောက်​ရှောင်​ကျန့်ရဲ့လက်​ကို​ဆောင့်​ဆွဲပြီးတစ်​ကိုယ်​လုံးကိုသိမ်းကျုံးဖက်​လိုက်တော့သည်။

ရှောင်​ကျန့်​မှာ​တော့ လှုပ်​လို့​တောင်​မရ

အင့်

ဒီလူကြီးငါ့ကို ဖက်​ထားတာလား ချုပ်​ထားတာလား မသဲကွဲဘူး မဖက်​ဖူးတာသိသာလိုက်​တာ လူကြီးက

"ခင်​ဗျား. ဘာလုပ်​တာလဲ"

"ငါခိုင်းတဲ့အတိုင်းမလုပ်​လို့အပြစ်​​ပေးတာ"

"ဘာ! "

ရှောင်​ကျန့်​​အော်​ပြီးမှသူ့ပါးစပ်​ကိုအမြန်​ဘရိတ်​အုပ်​လိုက်​ရတယ်​ အ​မေနဲ့အ​ဖေကြားသွားရင်​မ​ကောင်း​သေးဘူး​လေ

ပြီး​တော့ သွား​စေ့သံကြီးနဲ့

"ခင်​ဗျား ရူး​နေလား လွှတ်​. ကျွန်​​တော့်​ကို"

ရှောင်​ကျန့်​ရုန်း​ပေမယ့်​လှုပ်​​တောင်​မလှုပ်​ဘူး
ရိ​ပေါ်ကဘာမှမ​ပြော ခပ်ထေ့ထေ့အပြုံးနဲ့ပိုတိုးပြီးသာဖက်​ထားတယ်​။

"ခင်​ဗျား လွှတ်​လို့​ပြော​နေတယ်​​လေ"

တကယ်​​တော့ ​ရှောင်​ကျန့်​ရင်​​တွေအရမ်းခုန်​​နေပြီး တုန်​ယင်​​နေတာ​ကြောင့်​ အားမရှိသလိုဖြစ်​​နေပြီး မရုန်းနိုင်​ဖြစ်​​နေတာဖြစ်​သည်​။

သူလည်း​ယောက်ျားငါလည်း​ယောက်ျားဖြစ်​ပါလျက်​နဲ့ ဘာ့လို့ငါကရင်​ခုန်​​နေရတာလဲ

ခုန်​​နေတဲ့ရင်​ဘတ်​ထဲကအ​ကောင်​ ငြိမ်​ငြိမ်​​နေစမ်း

အံကိုတင်းတင်းကြိတ်​ကာ စိတ်​ထိန်း​နေ​ပေမယ့်​ပါးပြင်ပေါ်မှာစိမ်းသက်လွန်းသောခပ်နွေးနွေးအထိအတွေ့က ​ရှောင်​ကျန့်​တစ်​ကိုယ်​လုံးကိုတုန်​သွား​စေတယ်​။

ရိ​​ပေါ်ဖက်​ထားတာကိုခွာလိုက်​ပြီးရုန်းကန်နေတဲ့ကောင်ဆိုးလေးရဲ့ပါးပြင်နုနုအားနမ်းရှိုက်လိုက်ခြင်းပင်။

ရှောင်​ကျန့်​ကနီရဲနေတဲ့ပါးပြင်လေးနဲ့ မျက်​လုံး​လေးပြူးပြီး ခန​လောက်​အူ​ကြောင်​​ကြောင်​နဲ့ရိ​ပေါ်ကိုကြည့်​​နေမိတယ်​။
နောက်​မှသတိဝင်​လာပြီး

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now