part-13 [ Z+U ]

8.6K 985 32
                                    

Zawgyi

လိုင်းပေါ်မှာဘယ်သူကဘယ်သူ့ကိုSuprise Giftပေးတာ ဘယ်သူကဘယ်လိုတွေကျေးဇူးတင်ပြီး ဘယ်အတွဲကဘယ်လောက်ထိရိုကြတာ

ဘယ်အတွဲကတော့အရင်ကအရမ်းချစ်ခဲ့ကြပြီးအခုတော့ပြတ်သွားကြပြီ လူရယ်ချင်စရာ

စတဲ့ တွဲပြတ်တွေအကြောင်းပဲမြင်တွေ့နေရတယ်။

ရှောင်းကျန့်ဖုန်းကိုစားပွဲ​ပေါ်ပစ်တင်လိုက်ပြီး

"ဟွန့် ​သောက် RS ​တွေအစတည်းက ​သောက်ပို​တွေလုပ်​နေကြတာကို ကွဲသွားတာနည်း​တောင်နည်း​သေး အပြင်မှာမမြင်ဖူးဘဲနဲ့များကြိုက်ရတယ်လို့ အံ့သြစရာ"

"ဘာ​တွေ အံ့သြ​နေတာလဲ"

"ဟင် ဝေ့ကောပါလား ​နေမ​ကောင်းလို့လား"

ဝေ့ဇီရန်ရွာထဲသွားရင်းနဲ့​ဆေးခန်း​ရှေ့ရောက်​တော့ ရှောင်းကျန့်ကိုသတိရတာနဲ့ဝင်လာတာဖြစ်သည်။
ရှောင်းကျန့်ကလည်း ရိပေါ်နဲ့သာဘုနဲ့​ဘောက်
တစ်ခြားလူနဲ့သာဆိုအဆင်​ပြေ​ချော​မွေ့လို့
ဝေ့ဇီရန်နဲ့လည်းညီအစ်ကိုရင်း​တွေလိုဖြစ်​နေပြီဖြစ်သည်။

"မဟုတ်ပါဘူးကွာ ဖြတ်သွားရင်းလမ်းကြုံဝင်လာတာ စကား​လေးဘာ​လေး​ပြောရင်း​ပေါ့
အားတယ်မလား"

"အားတာမှအရမ်းကိုအားတာ ဒီ​နေ့လူနာမရှိဘူး​လေ တစ်​ယောက်တည်းပျင်း​နေတာနဲ့အ​တော်ပဲ ဟီး ဟီး "

"ငါလာတာအ​တော်ဖြစ်သွားတာ​ပေါ့​​လေ"

"ဟုတ်တယ်"

ဇီရန်သူ့ရှေ့က​ကောင်လေးကိုကြည့်ပြီး

ဒီ​လောက်ချစ်စရာ​ကောင်းတဲ့ က​လေးကိုရထား​တော့ ​ဝမ်ရိပေါ်တို့ပြောအားရှိတာ​ပေါ့​လေ..

ဇီရန် ရှောင်းကျန့် ချ​ပေးလာတဲ့မုန့်​တွေကိုယူစားလိုက်တယ်။

"ဝေ့ကောကလည်းဗျာ ​ဆေးခန်းကိုမှလာလည်ရတယ်လို့"

"ဘာလဲ မင်းကမလာ​စေချင်ဘူးလား"

"အာ...အဲ့လို​တော့မဟုတ်ပါဘူး ကျွန်​တော်က ဒီအတိုင်း..."

"​အေးပါကွာ ငါကလည်း​နောက်လိုက်တာပါ
ဟား ဟား "

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now