part-14 [ Z+U ]

8.1K 951 25
                                    

Zawgyi

ဆေးထိုးထား​ပေမယ့် ​လေစိမ်းမိသွားတာကတစ်​ကြောင်း ​ရေမချိုးပါနဲ့လို့​ပြောထားတာကို
ဆေးခန်းခဏပြန်တုန်း​လေး​​ရေချိုးကာ​ခေါင်းပါ​လျှော်လိုက်သေးတဲ့ ​မောင်သန့်ရှင်းကြီးက ​ခေါင်းကို​ရေ​ခြောက်​အောင်မသုတ်ဘဲ ဒီအတိုင်း​နေခဲ့တာကတစ်​ကြောင်း​ကြောင့်ည​ရောက်​တော့ဖျားပါ​တော့တယ်

ရှောင်းကျန့်မှာ​တော့ ရိပေါ်ကိုယ်​တွေအရမ်းပူလာတည်းက ​ရေပတ်တိုက်​​ပေး​နေရတာ အခုထိလက်ကိုမလည်နိုင်​သေးဘူး

ဝမ်အ​မေဟာလည်း ရိပေါ်ဖျား​နေ​တော့အငြိမ်မ​နေနိုင်​ ရှောင်းကျန့်တို့အခန်းထဲမှာ တောင်​ပြေးလိုက်​မြောက်​ပြေးလိုက်နဲ့ ​ခြေမကိုင်မိလက်မကိုင်မိဖြစ်​နေတယ်

နောက်​တော့မ​နေနိုင်တဲ့ ၀မ်အ​​ဖေကပဲ​ပြောရ​တော့တယ်

"မိန်းမရယ် မင့်းသားက ရိုးရိုးဖျား​နေတာပါဟ
မသိရင်သမီးက ဖွားခန်းထဲဝင်​နေရလို့အပြင်က​စောင့်​နေရတဲ့အတိုင်းပဲ ငြိမ်ငြိမ်​နေစမ်းပါ ဖျား​နေတဲ့သူကို မျက်စိ​နောက်​ပြီးမူးသွားအုံးမယ်..."

ငင့် အ​ဖေကလည်းဥပမာကြီးကိုဘယ်လို​တောင်​ပေးချလိုက်တာလဲ သားက​မွေးစရာလား ​မွေးမယ့်​မွေးအ​ဖေ့သမက်ကပဲ​မွေးမှာ​ပေါ့

ရိပေါ်မျက်နာကြီးက မီးဖုတ်ခံထားရတဲ့ခရမ်းသီးလိုပဲ ရှုံ့တွတြွဖစ်​နေသ​လောက်
ရှောင်းကျန့်က​တော့ ၀မ်အ​​ဖေရဲ့ဥပမာ​ပေး​ကောင်းမှုကို ​ရေပတ်တိုက်​နေရင်းတစ်ဖက်ကိုမျက်နာလှည့်ကာခိုးရယ်​နေတယ်

ထိုအခါမှ ၀မ်အ​မေက၀မ်အ​ဖေနားကပ်ကာရက်လိုက်ပြီး

"၀မ်​လေးကတစ်ခါမှဖျားဖူးတာမဟုတ်ဘူး အခုလိုကြီးထဖျား​တော့ စိတ်ပူလို့ပါ​တော်"

"ရပါတယ် အ​မေရယ် သားသက်သာ​နေပါပြီ"

ရိပေါ်ကအိပ်ယာထက်က ​ဖျော့​တော့စွာ​ပြော​တော့ ရှောင်ကျန့်ကလည်း

"ဟုတ်ပါတယ် ​မေ​မေရယ် အဖျားကလည်းအရမ်းမကြီး​တော့ပါဘူး သားပဲဂရုစိုက်လိုက်ပါ့မယ် ညဥ့်လည်းနက်​နေပြီ ​မေ​မေတို့ပြန်အိပ်ချင်အိပ်ကြ​တော့​လေ"

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now