part-10 [ Z+U ]

8.9K 924 29
                                    

Zawgyi

တောထဲမှာယုန်​လေးတစ်​ကောင်ဟာ လမ်း​ပျောက်​နေခဲ့တယ် သူ​နေထိုင်ရာအရပ်ရဲ့ဆန့်ကျင်ဘက်ကို​ရောက်​နေတာကိုသူသိ​ပေမယ့်
မိမိ​နေရာကိုမပြန်တတ်ဘဲ ခုန်ဆွခုန်ဆွနဲ့ဟို​ပြေးလိုက်ဒီ​ပြေးလိုက်ဖြစ်​နေတယ်

အဲ့အချိန်မှာ ခြုံပုတ်တစ်ခုထဲမှ ထွက်လာ​သော​မြေ​ခွေးတစ်​ကောင်
မြေ​ခွေးဟာယုန်​လေးကိုစားဖို့အနားကိုကပ်လာခဲ့တယ်
ယုန်​လေးမှာ​တော့ ​ကြောက်လွန်းလို့ ​နေစရာ​မရှိအောင်ပင်ဖြစ်​နေ​လေသည်

မြေ​ခွေးကြီးဟာယုန်​လေးနားကို​ရောက်လာပြီးခုန်အုပ်​တော့မယ့်အချိန်မှာပဲ ယုန်​လေးရဲ့အ​နောက်ကိုကြည့်ကာ အလန့်တကြား​ပြေးပါ​တော့တယ်

ယုန်​လေးကလည်းသူ့​နောက်ကအရာကဘာလဲသိချင်လို့လှည့်ကြည့်လိုက်ချိန်မှာ​တော့ လူသားတစ်​ယောက်ရဲ့​ကောက်ချီခြင်းကိုခံလိုက်ရတယ်

အင်းး ဒီလူသားကိုယ်က​နွေး​နေတာပဲ
ပြီး​တော့ ​ကြောက်စိတ်​တွေ​တောင်​​ပျောက်ပြယ်​စေပါလား

ယုန်​လေးဟာ လူသားရဲ့ရင်ခွင်ထဲကိုပိုပိုပြီးသာတိုး​နေလိုက်တယ်
ဒီလူသားရဲ့ရင်ခွင်ကအ​တော်​လေးကို​နွေး​ထွေးတယ်

ထိုလူသားကလည်း ယုန်​လေးရဲ့​ခေါင်းကိုပုတ်​ပေး​နေခဲ့တယ်

အား>အား>အား>>>>>>(ကျီး​အော်သံ)

အေး​အေးချမ်းချမ်းနဲ့သာယာ​နေတဲ့မနက်ခင်း​လေးကို ဖြိုခွဲလိုက်တာက​တော့ ကျီး​အော်သံကြီး

ရှောင်ကျန့်မက်​နေတဲ့အိပ်မက်​တောင်ဘယ်ဆီ​ရောက်သွားမှန်းမသိ​တော့ဘူး

ဘေးက​ခေါင်းအုံးကိုယူပြီး နားကိုအုပ်လိုက်တယ်
ဒါ​ပေမယ့် ​သောက်လိုက်ကန်းဆိုးမသိတဲ့ကျီးစုတ်ကထပ်​အော်ပြန်တယ်

ဒီတစ်ခါ​အော်သံက​တော်​တော်ကျယ်တာပဲ
ပြီးမှ ဒင်း​နေတဲ့အပင်ကို ဟိုလူကြီးကိုလှဲခိုင်းရမယ် ​အော်ထားအုံး​ပေါ့

"ရှောင်ကျန့်!  ရှောင်ကျန့်!"

ဒါ​ပေမယ့် အသံကပိုပိုကျယ်လာတယ် ​သေချာနားထောင်ကြည့်လိုက်​တော့

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now