part-3( Z+ U )

10K 1K 31
                                    

Zawgyi

"ဟင်​ သုံးဘီးနဲ့လား"

ရှောင်​ကျန့်​အထုပ်​​တွေများမယ်​ထင်​လို့ ၀မ်​ရိ​ပေါ်က သုံးဘီးငှါးပြီးလာကြို​ပေမယ့်
ရောက်​မှမြင်​တာ luggage တစ်​လုံးနဲ့​ကျောပိုးအိတ်​တစ်​လုံးတည်း

ရှောင်​ကျန့်​မှာ​တော့ သူ့ကိုကားနဲ့လာကြိုမယ်​ထင်​နေတာ အခု​တော့သုံးဘီးနဲ့သွားရ​တော့မှာ​ပေါ့

"အင်း"

ရိ​ပေါ်ကပြန်​​ဖြေပြီး ​luggage ကိုသုံးဘီး​ပေါ်တင်​လိုက်​တယ်

"တက်​​လေ ဘာရပ်​လုပ်​​နေတာလဲ ရွာကို
ခြေ​ချင်​ သွားဖို့လုပ်​​နေတာလား"

အ​ပြောကိုက ​ဆေးထိုးသတ်​ပစ်​ချင်​စရာ
ကိုယ့်​ဆီလာတဲ့ဧည့်​သည်​ကိုဘယ်​လို​တောင်​​ပြော​နေလဲမသိဘူး

စိတ်​ကသာ​ပြော​နေ​ပေမယ့်
ရှောင်​ကျန့်​အမြန်​တက်​လိုက်​ရတယ် ​ပြောလို့ရတာမဟုတ်​ဘူး ဒီ​ကောင်​ကသုံးဘီးဆရာကို ထားခဲ့ခိုင်း​ရင်​ဘယ်​လိုလုပ်​မလဲ

" တက်​မယ်​ တက်​မယ်
ပြောပုံကိုက ငါကမင်းရဲ့လက်​​အောက်​​ခြေသားမဟုတ်​ဘူး​နော်​ စကား​ပြောဆင်​ခြင်​"

ရိ​ပေါ်ကလည်း​နောက်​မှာဝင်​ထိုင်​ရင်း

" ကျုပ်​ကစကားကိုဒီလိုပဲ​ပြောတတ်​တယ်
မ​ကျေနပ်​လည်းမတတ်​နိုင်​ဘူး "

"မင်း! မင်း..!"

"ဘာလဲ ဘာလဲ"

"ဟွန်း"

ရှောင်​ကျန့်​ စိတ်​ထိန်းစိတ်​ထိန်း မင်းကဆရာဝန်​​နော်​ စိတ်​ထား​လေးကနူးညံ့​နေရမှာ
ဒီ​တောသားနဲ့တုပြီးရန်​မဖြစ်​ရဘူး
အို​ကေ အို​ကေ

ရှောင်​ကျန့်​အပြင်​ဘက်​ကိုပဲ​ငေးကြည့်​ရင်းလိုက်​လာခဲ့တယ်
တစ်​လမ်းလုံးလည်းနှစ်​​ယောက်​သား ဘာစကားမှမဆို
ဆိုရင်​လည်းဒီ​နေ့ဒီ​နေရာမှာတင်​ တစ်​​ယောက်​​ယောက်​က​တော့​သေ​တော့မယ်

ရွာဆို​ပေမယ့်
လမ်းပန်းဆက်​သွယ်​​ရေးက​တော့​ကောင်းပါတယ်
တစ်​ချို့​ကတ္တရာလမ်းမှာအခွက်​​လေး​တွေ​ရှိတာကလွဲလို့​ပေါ့
အဆင်​​ပြေပါတယ်​ ခွက်​ချိုင့်​တက်​​မောင်းမိ​တော့လည်း ​မြောက်​တက်​သွားတာများ အညိမ့်​စီး​နေရတဲ့အတိုင်းပဲ
ပျော်​ဖို့​တောင်​​ကောင်း​သေး အ​ဟေး ~~

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now