part-19 [ Z+U ]

7.9K 831 20
                                    


👆👆
AN:အေပ်ါကပုံလေးကဒီထဲကသူဌေးသား farmer လေး ဝမ်ရိပေါ်ပါ

Zawgyi

ရိပေါ်ကအိမ်ထဲအရင်ဝင်သွားပြီး ဝူချန်းကိုမိဘတွေနဲ့မိတ်ဆက်ပေးနေတယ်

"အမေ အဖေ သူကဝူချန်းတဲ့ ရှောင်ကျန့်ရဲ့သူငယ်ချင်းလေ ဒီကိုလည်ရအောင်လာတာတဲ့"

"သြော်...ရှောင်လေးရဲ့သူငယ်ချင်းလား ဝင်လာတည်းကကြည့်နေတာ သားကလည်းအချောလေးပဲ "

"ကျေးဇူးပါအန်တီ အဟီး"

သူတို့ပြောနေတုန်းအိမ်ထဲကိုအထုပ်တွေသယ်ပြီးမျက်နှာစူပုတ်ပုတ်နဲ့ဝင်လာတဲ့ရှောင်ကျန့် အထဲရောက်ရောက်ချင်းဝူချန်းကိုအရင်မျက်စောင်းထိုးတယ် အဲ့မျက်စောင်းကရိပေါ်ဆီမှာဆုံးသွားတယ်။

"ဝူချန်း လာလေ "

"အေး အေး"

အိပ်ခန်းထဲကုတင်ပေါ်ကနေဝူချန်းကိုတင်ပျဉ်ခွေထိုင်ရင်းလက်ပိုက်မျက်မှောင်ကြုတ်ပြီးကြည့်နေသောရှောင်ကျန့် အခန်းပြင်ပေးမယ်ဆိုပြီးတကယ်တမ်းအခန်းပြင်နေရတာက ဧည့်သည်သူငယ်ချင်းကြီးဝူချန်းသာ။

သူကတော့အထုပ်သယ်လာခိုင်းတာကိုစိတ်ကောက်လို့ကောင်းတုန်း

"မင်းကဘယ်လိုလုပ်ရောက်လာတာလဲ"

ဟော ကြည့်...စောနကတော့လွမ်းနေတာဘာညာပြောနေပြီးအခုကျဘယ်လိုလုပ်ရောက်လာတာလဲတဲ့

"ငါခွင့်တစ်လရထားတယ် ဦးလေးကငါ့ကိုခွင့်ပေးလိုက်တာ"

ဝူချန်းကသူ့အင်္ကျီတွေကိုဗီရိုထဲထည့်နေရင်းနဲ့လှမ်းကြွားတယ်။

"ပါးလိုလူက မင်းကို ခွင့်တစ်လပေးတယ်ဆိုတော့ ရိုးတော့မရိုးဘူး ပါးကိုဘယ်လိုဖားလိုက်တာလဲ"

ရှောင်ကျန့်ကမေးတော့ ဝူချန်းသူ့ရဲ့အင်္ကျီကော်လံစကိုထောင်လိုက်ရင်း

"ဒါကဒီလိုရှိတယ်ကွ ရှောင်ကျန့်ရ..."

"အင်းပြောပါအုံး"

ရှောင်ကျန့်ဘေးနားကဖက်တုံးလေးကိုပေါင်ပေါ်တင်လိုက်ပြီးမေးလေးထောက်ကာစိတ်ဝင်တစားပြောလိုက်တယ်

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now