part-16 [ Z+U ]

8.9K 950 40
                                    

Zawgyi

ရှောင်ကျန့်ထွက်သွားမှကျန်​နေ​သေးတဲ့​ခေါက်ဆွဲပြုတ်ကိုယူပြီး ကုန်​အောင်စားပစ်လိုက်တယ်

ပြောမယ့်သာ​ပြောတာ အဖတ်ကသိပ် (​တော်​တော်ကို) စားမ​ကောင်း​ပေမယ့် အရည်​လေးက​တော့မဆိုးဘူး ​​သောက်ကောင်းတယ်

အချစ်က​​ကျွေးရင်အဆိပ်ဆိုလည်း ကိုယ်စားရဲပါတယ် ဟန်နီ အဲ မဟုတ်ပါဘူး ရှောင်ကျန့်ရယ်..

သေချာတယ် ​ကောင်​လေး​ရေ...
ကိုယ်​တော့မင်းကိုချစ်မိသွားပြီ
ပြီး​​တော့​ကျေးဇူးပဲ မင်းရဲ့ပထမဦးဆုံးလက်ရာကိုစားခွင့်​ပေးလို့
ဒီအရသာကို ကိုယ်​တော့ ဒီတစ်သက်လုံးဝ​မေ့နိုင်မယ်မထင်​တော့ဘူး

(လုံးဝမကောင်းလွန်းလို့)

............

ဆေးခန်းသွား​နေတဲ့ ရှောင်ကျန့် ခဏခဏခလုတ်တိုက်နေတယ်

ဘယ်လူမသား ငါ့အ​ကြောင်းကို​ပြော​နေလဲမသိဘူး

ဆေးခန်း​ရောက်​တော့ရွာအနီးအနားကလူနာတွေက​ရောက်​နေကြပြီ

အားနာလိုက်တာ လူနာ​တွေကို​စောင့်ခိုင်းရတဲ့ ဆရာဝန်ဖြစ်သွားပြီ
အဲ့ဒါဟိုလူကြီး​​ကြောင့် ​သောက်မယ့်အ​ရေးကိုမ​သောက်ဘဲ ​ပေရှည်​နေလို့ အစတည်းက​ဆေးမတိုက်ဘဲ ဖင်ကိုအပ်နဲ့တစ်ခါတည်းထိုး​ပေးလိုက်ရမှာ

စိတ်ထဲက​တော့အိမ်ကလူကြီးကိုမျိုးစုံ​ပြော​နေ​ပေမယ့် အပြင်မှာ​တော့ အပြုံးချိုချို​လေး​တွေနဲ့ ​ဆေးကု​ပေး​နေ​ပါသော ဆရာဝန်​လေးရှောင်ကျန့်ရယ်ပါ

"ဆရာဝန်​လေးက စိတ်ထားအရမ်း​ကောင်းတာပဲ​နော်"

လေငန်းတစ်ခါဖြတ်ဖူးထားတဲ့ ရိ​ပေါ်တို့ ​ဘေးအိမ်ကလူနာအ​ဒေါ်ကြီးက​ပြော​တော့ ရှောင်ကျန့်ပြုံးရုံတင်ပြုံးပြလိုက်တယ်

"တကယ်​ပြောတာ ဆရာဝန်​လေးကရုပ်လည်း​ချောတယ် စိတ်ထားလည်း​ကောင်းတယ် ဒါ​ကြောင့်ဝမ်သူ​ဌေး​လေးကသဲသဲလှုပ်ဖြစ်​နေတာကို"

"ဗျာ...သူလားသဲသဲလှုပ်ဖြစ်တာ
ကျွန်​တော်နဲ့ဆိုဘယ်ခါမှအ​ကောင်းမ​ပြောဘူး အမြဲသတ်​နေကြတာ"

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now