part-25 [ Z+U ]

6.4K 720 24
                                    

Unicode

"အိမ်ပြန်မယ်လေ "

"ပြန်ဘူး"

"ဒီမှာအိပ်မှာလား"

"အင်း"

ဆေးသောက်ပြီးတည်းကကုတင်ပေါ်မှာပြန်ကွေးနေတဲ့ရှောင်းကျန့်ကအိမ်ပြန်ခေါ်လို့ရမယ့်ပုံလည်းမပေါ်ဘူး ဒါပေမယ့်အတတ်နိုင်ဆုံးတော့ချော့ခေါ်ရမှာပဲ အိမ်ပြန်မအိပ်ရင်အိမ်ကအမေကသူ့ပဲဆူမှာသိနေတာကိုး

"ပြန်ရအောင်ပါနော် ပြန်မလာရင်အမေကမျှော်နေအုံးမယ် ကိုယ့်အမေအကြောင်းလည်းသိသားနဲ့"

အမေဆိုမှလှုပ်လှုပ်ရွရွဖြစ်လာပြီးစောင်ပုံထဲကနေထွက်လာတဲ့အကောင်လေးက ချက်ချင်းထပြီးအပြင်ထွက်သွားလေရဲ့ဘာမှပြောမသွားပေမယ့်အိမ်ပြန်မှာကိုသိနေတော့ ရိပေါ်လည်းနောက်ကခပ်မြန်မြန်လိုက်သွားရတယ် တော်ကြာစိတ်ပြောင်းပြီးဒီမှာပဲအိပ်မယ်ဖြစ်နေပြန်အုံးမယ်

ရှောင်းကျန့်အိမ်ပြန်တဲ့လမ်းတစ်လျှောက်တွေးနေမိတယ်

နေပါအုံး ကိစ္စကဘာမှကြီးကျယ်တာလည်းမဟုတ်ဘဲနဲ့ငါကဘာဖြစ်နေတာလဲ လင်နဲ့လင်နဲ့မှာဒါကရှိမှာပဲလေ ရှက်စရာမှမဟုတ်ဘဲသူ့မျက်နှာကိုမမြင်ချင်စရာလည်းအကြောင်းမှမရှိတာကို ငါကဘာဖြစ်နေတာလဲ ချီးပဲ ကိုယ့်ကိုကိုယ်ဘာဖြစ်နေမှန်းတောင်မသိတော့ဘူး

"ကိုယ်တောင်းပန်ပါတယ်"

"ဟင်!"

ညအိပ်ပျော်လုဆဲဆဲမှာနောက်ကျောဘက်ကရိပေါ်ဆီမှထွက်လာသောစကားကြောင့်ရှောင်းကျန့်ကြောင်တောင်တောင်ဖြစ်သွားသည်။

"တစ်ကယ်ဆိုနေမကောင်းတဲ့လူကို ကိုယ်အသားမယူသင့်ဘူး တောင်းပန်ပါတယ် ကိုယ့်ကိုစိတ်ဆိုးနေရင်လည်းပြေပါတော့နော်
နောက်ခါဒါမျိုးမဖြစ်အောင်ကိုယ်ဆင်ခြင်..!"

စကားမဆုံးခင်ရင်ခွင်ထဲတိုးဝင်လာတဲ့ရှောင်းကျန့်ကြောင့်ဒီတစ်ခါကြောင်သွားရတာကရိပေါ်

"အဲ့အကြောင်းမပြောဘဲနေကြရအောင် ခင်ဗျားမမှားပါဘူး ခင်ဗျားကျွန်တော့်ကိုကြိုက်သလိုလုပ်ပိုင်ခွင့်ရှိတယ် ဘာ့လို့ဆိုတော့ ကျွန်တော်ကခင်ဗျားရဲ့တရားဝင်ယောကျ်ားမို့လို့"

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now