part-26 [ Z+U ]

6.2K 680 53
                                    

Unicode

"ရှင်းယ ပင်ပန်းနေပြီလား"

"မပင်ပန်းပါဘူးရှင် ဘာမှမလုပ်ရတာဘယ်ကပင်ပန်းရမှာလဲ"

ဝူချန်းမရှိပြုံးပြုံးကာခေါင်းငြိမ့်လိုက်တယ် ဟုတ်တော့လည်းဟုတ်တယ်ရွာရဲ့ဆေးခန်းပါဆိုမှဘာအလုပ်လုပ်ရမှာလဲ တစ်နေ့တစ်နေ့ဆေးခန်းသန့်ရှင်းရေးလုပ် လူနာလာရင်ဆေးကု ဒါလည်းသူကုစရာမှမလိုပဲရှောင်းကျန့်နဲ့ငါပဲကုရတာလေ သူကရေးပေးလိုက်တဲ့ဆေးကိုပေးလိုက်ရုံပဲ တစ်ပတ်တစ်ခါတော့ပင်ပန်းတယ် ရှောင်းကျန့်ကတစ်ပတ်ပြည့်တိုင်းအနားကရွာတွေကိုသွားပြီးကျန်းမာရေးအခြေအနေကိုစစ်ဆေးပေးတယ် အဲ့အချိန်လေးပဲရွာစဉ်လျှောက်သွားရလို့ပင်ပန်းတယ်

"ဒါနဲ့ ချန်းကော ဆရာသက်သာရဲ့လားနေမကောင်းဖြစ်နေတယ်ဆို"

"သူလား.. သက်သာနေပါပြီ"

"ချန်းကော ဟိုလေ.."

"ပြောပါ ရှင်းယရဲ့"

ရှင်းယပုံကအနည်းငယ်ရှက်ရွံ့သလိုဖြစ်နေတာကြောင့် ဝူချန်းစကားလမ်းကြောင်းစပေးလိုက်တယ်

"ဒီနေ့ နေ့လည်စာ ရှင်းယတို့အိမ်မှာလိုက်စားပါလားဟင် ချန်းကော"

ဘယ်လို ဘယ်လို ငါနားကြားမှားတာတော့မဟုတ်ဘူးမလား ရှင်းယကငါ့ကိုနေ့လည်စာစားဖို့ဖိတ်နေတာတဲ့လား ဒါမျိုးအခွင့်အရေးလက်လွှတ်ခံလို့ဘယ်ဖြစ်မလဲ အဟီ

"စားမယ် စားမယ် ကျွေးမယ့်သူကကျွေးတာကိုမစားရင် ရိုင်းရာကျမှာပေါ့"

"ဒါပေါ့ ဒါပေါ့ ဒါဆိုအိမ်ပြန်ရင်လိုက်ခဲ့တော့နော် ချန်းကော"

မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီးပြောနေတဲ့ရှင်းယကိုကြည့်ရင်းဘေးမှာပန်းတွေပွင့်လာသလိုတောင်မြင်နေရတယ်။

"အင်း"

ဝူချန်​းကတိပေးလိုက်တော့ပျော်ရွှင်သွားတဲ့ရှင်းယကမျက်လုံးလေးတွေပိတ်သွားတဲ့အထိသဘောတကျပြုံးပြနေလေရဲ့ မင်းအပြုံးလေးကလှလိုက်တာ

ထိုဖြူစင်လှပလွန်းတဲ့အပြုံးနောက်ကွယ်ကမဟာစီမံကိန်းကြီးကိုတော့ဝူချန်းတစ်ယောက်မမြင်နိုင်ခဲ့ပါပေ။

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now