part-5 [ Z+U ]

9.1K 1K 21
                                    

Zawgyi

ရှောင်းကျန့်ရွာကို​ရောက်လို့​နောက်​နေ့မနက်​ဆေးခန်းမှာ ထိုင်ပြီဆိုတည်းက
ဆေးခန်းကိုလူနာ​​​​​​တွေ တစ်ပြုံတစ်​​ခေါင်း​ရောက်လာပါ​တော့တယ်။ ​ဆေးခန်းဟာ ရွာလယ်လမ်းမကြီးရဲ့​ဘေးက​မြေကွက်လပ်ကြီးမှာ ​ဆောက်ထားတာဖြစ်သည်။

ဆေးခန်းဆို​ပေမယ့်ကျယ်ကျယ်ဝန်းဝန်း သပ်သပ်ရပ်ရပ်​လေးပါပဲ

လူနာ​တွေက​တော့ ​ဆေးခန်းအပြင်မှာ​ရောအထဲမှာပါ တန်းစီလို့

အများစုက​​တော့(အားလုံးနီးပါး) ရွာထဲက မိန်းမပျိုများဖြစ်ပြီး
အချို့က​တော့ စပ်စပ်စုစုနိုင်​သော အ​ဒေါ်ကြီးများဖြစ်လေသည်။

"ဆရာ ကျွန်မဗိုက်​အောင့်လို့"

"ဆရာ ကျွန်မငါးရိုးနင်နေလို့လည်​​​ချောင်းကြီးခွဲရဖို့လားမသိဘူး ကယ်ပါအုံး"

"ဆရာ ကျွန်မလက်ကိုဆူးစူးသွားလို့"

"ဆရာ ကျွန်မ​​ခေါင်းကိုက်လို့"

"ဆရာ...."

"ဆရာ...."

"ဆရာ...."

ရောဂါ ပေါင်း​သောင်း​ခြောက်​ထောင်နဲ့လူနာများ ရှောင်းကျန့်ခေါင်း​တောင်မူးလာသလိုပဲ
ကြာရင် ဆရာဝန်ကလူနာပြန်ဖြစ်​တော့မယ်ထင်တယ်။

ရှောင်းကျန့်အပြုံးချိုချိုတို့အားဖောဖောသီသီပေးလို့ သက်ပြင်းလည်းခဏခဏချမိသေးတယ်။

ဒီရွာမှာ လူနာ​​တွေ​တော်​တော်များပါလား ​တော်​သေးတာ​ပေါ့ငါ​ရောက်လာလို့

ဘေးကအကူအ​​နေနဲ့​ခေါ်ထားတဲ့ nurseအနီမ​လေးက​တော့ အံ့သြလွန်းလို့​မေးရိုး​တောင်ပြုတ်ထွက်​တော့မယ်။

ခါတိုင်းဆို​နေမ​ကောင်းလို့​ဆေးခန်းလာပြကြပါဆိုတာ​တောင် အဖက်မလုပ်တဲ့ဟာတွေက
ဒီ​လောက်​လေးဖြစ်တာကို ​ဆေးခန်းလာပြကြတယ်ဆို​တော့ အင်းးး
ဆရာဝန်​လေးအစွမ်းအံ့မခန်းပါပဲ

"ခန ခန ​နေကြပါအုံး ကျွန်​တော်တစ်​​ယောက်ချင်းဆီကြည့်​ပေးပါ့မယ်
တစ်​​ယောက်စီဝင်လာကြ​နော်
ဆရာမသူတို့ကိုတစ်​ယောက်စီဝင်လာခိုင်းလိုက်​နော်"

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now