part-12 [ Z+U ]

8.9K 980 30
                                    

Zawgyi

ရိ​ပေါ်​  ​ဆေးခန်းမှ​ရှောင်​ကျန့်​ကို​ခေါ်ဖို့လာခဲ့​ပေမယ့်
အဖိုးအိမ်​ကိုပြန်​သွားတယ်​လို့ nurse မ​လေးက​ပြော​တော့
အဖိုးအိမ်​ကိုပဲလိုက်​သွားလိုက်​တယ်

ဟို​ရောက်​​တော့ ခြံထဲဝင်​ရုံပဲရှိ​သေး က​လေးတစ်​သိုက်​​အော်​သံကိုအရင်​ကြားရတယ်
ဘာများဖြစ်​​​နေတာလဲလို့အသံကြားရာကြည့်​မိ​တော့

မာလကာပင်​​အောက်​မှာ ရပ်​​နေကြ​သောက​လေးငါး​ယောက်​နဲ့အပင်​​ပေါ်ကက​လေးကြီး

"ကိုကြီးကလည်းတက်​​တော့တက်​တတ်​ပြီးပြန်​မဆင်းတတ်​ဘူးလား"

"မဆင်းတတ်​လို့​ပေါ့ မင်းတို့ကိုမာလကာသီးလည်းခူး​ပေးရ​သေးတယ်
ဒီ​လှေကား​လေး​တောင်​ယူမ​ပေးချင်​ဘူးလား"

"ဟွန့်​ သားတို့ရတာကတစ်​​ယောက်​တစ်​လုံးရယ်
ကိုကြီးလွယ်​အိတ်​ထဲမှာကျအများကြီးပဲ"

ရှောင်​ကျန့်​လွယ်​အိတ်​ကိုလက်​နဲ့ကွယ်လိုက်ပြီး

"ဒါက​တော့ ငါကခူးရတဲ့လူ​လေကွာ ဒီ​လောက်​​တော့ရသင့်​တာ​ပေါ့
မင်းတို့က​အောက်​​က​အေး​ဆေး​နေပြီးရ​နေတဲ့ဟာကို
ပြော​နေ​သေးတယ်​"

"အဲ့ဒါဆိုလည်း ကိုကြီးဘာသာဆင်းလာ​တော့ဗျာ
သားတို့က​တော့သွားပြီ ဒါပဲ
လာ ​ဟေ့​ကောင်​​တွေပြန်​ကြမယ်​"

က​လေးထဲမှတစ်​​ယောက်​က​ပြောလည်း​ပြော ​ဘေးကအ​ဖော်​​တွေကိုလည်း​ခေါ်ကာသုတ်​သုတ်​ သုတ်​သုတ်​နဲ့ပြန်​သွားသည်

"ဟာ ​ဟေ့က​လေး​တွေ ​ဟေ့​ကောင်​​တွေ ​နေအုံး​လေ
ငါ့ကို​လှေကားယူ​ပေးခဲ့အုံးလို့
စောက်​က​လေး​တွေ စားပြီးနားမလည်​လုပ်​သွားတယ်​"

ရိ​ပေါ်​ခေါင်းခါလိုက်​ပြီး သစ်​ပင်​​အောက်​ကိုသွားလိုက်​တယ်​။

"ဘာဖြစ်​​နေတာလဲ မကြီးမငယ်​နဲ့​ဆော့​နေရလား"

"ဟာ ၀မ်​ရိ​ပေါ်​ခေါ်ပါအုံး ကျွန်​​တော့်​ကို​ခေါ်ပါအုံး ပြန်​မဆင်းတတ်​​တော့ဘူး"

"မင်းကိုဘယ်​သူကတက်​ခိုင်းလို့လဲ
ကိုယ့်​ဟာကိုဆင်းခဲ့"

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now