part-20 [Z+U]

7.7K 765 41
                                    

Zawgyi

နေရောင်ခြည်ကရှောင်ကျန့်ရဲ့မျက်နှာထက်ကိုကျဆင်းနေတော့ ရိပေါ်ကသူ့ရဲ့လက်ဖဝါးနဲ့ကာပေးရင်းငေးကြည့်နေမိသည်။

ညကတော့သူ့ရင်ခွင်ထဲမှာမအိပ်ချင်လို့ရုန်းပေမယ့် တစ်ညလုံးမလှုပ်မယှက်နဲ့အိပ်နေလိုက်တာမိုးလင်းတဲ့ထိပဲ

မျက်တောင်ရှည်ရှည်တို့ကမျက်လုံးမှိတ်ထားတော့တစ်မျိုးကြည့်ကောင်းနေတယ် နှာတံချွန်ချွန်လေးကလည်းဖြောင့်စင်းလို့ စိတ်ဆိုးတိုင်းပူးကပ်သွားတတ်တဲ့မျက်ခုံးလေးနဲ့ ချွန်ထွက်လာတတ်တဲ့နှုတ်ခမ်းပါးလေး ပါးလေးကိုတစ်ချက်မွှေးလိုက်တော့ရင်ခွင်ထဲကအကောင်လေးက အင်း အဲ နဲ့ လှုပ်လှုပ်ရွရြွဖစ်လာတယ်

ရိပေါ်လည်းကာထားတဲ့လက်ကိုအမြန်ဖယ်လိုက်ပြီး ရှောင်ကျန့်ဘာလုပ်မလဲသိချင်လို့ အိပ်ချင်ယောင်ဆောင်နေလိုက်တယ်

ရှောင်ကျန့်နိုးနိုးချင်းမြင်လိုက်ရတာက ရိပေါ်ရဲ့လည်စေ့ချွန်ချွန်လေး ရှောင်ကျန့်သူကိုယ်တိုင်တောင်မသိဘဲနဲ့ထိုအရာကိုသွားကိုင်လိုက်မိတယ်

"ဘာ့လို့များအဲ့လောက်တောင်ချွန်ပြီးကြီးနေရတာလဲ "

ပြီးတော့သူ့လည်ပင်းကိုသူပြန်စမ်းလိုက်ပြီး

"ငါ့မှာတော့အဲ့လောက်တောင်မရှိဘူး ဒါလုံးဝမတရားတာပဲ"

ရိပေါ်မှာရယ်ချင်တဲ့စိတ်ကိုမနည်းထိန်းနေရတယ် ကလေးကျနေတာပဲ
အခုရှောင်ကျန့် မျက်မှောင်ကြုတ်နေတော့မယ်ဆိုတာသေချာပေါက်ပြောနိုင်တယ်နှုတ်ခမ်းလေးကလည်းချွန်နေမှာ

ရိပေါ်မျက်လုံးကိုဆတ်ခနဲဖွင့်ပြီးကြည့်လိုက်တော့ သူတွေးထားတာနဲ့တစ်ထပ်တည်းပဲ
ပြီးတော့စချင်လာတာနဲ့

"ကိုင်လို့ဝပြီလား"

"ဟင် ! ခင်ဗျားအိပ်နေတာမဟုတ်ဘူးလား!"

"ဟုတ်တယ်လေ မင်းလုပ်လို့နိုးသွားတာ"

"ဟို ... ကျွန်တော်ထတော့မယ်"

ရှောင်ကျန့်ကထဖို့လုပ်တော့ရိပေါ်ကလက်ကိုဆွဲလိုက်ပြီးပြန်အိပ်စေတယ်

"နေပါအုံး ထတော့မလို့လား"

ရှောင်ကျန့်ခေါင်းငြိမ့်ပြကာ မျက်လုံးတို့ကိုရိပေါ်ထံမှလွှဲထားတယ်။

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now