part-7 [ Z+U ]

8.8K 1K 35
                                    

Zawgyi

ရှောင်ကျန့်ရွာကို​ရောက်တာဒီ​​​နေ့နဲ့ဆိုတစ်လပြည့်​တော့မယ် ပါးနဲ့မားကိုလွမ်းလိုက်တာ

ရွာကလူတွေနဲ့လည်းအ​တော်​လေးရင်းနီး
နေပြီး ရွာလမ်း​​တွေလည်းအလွတ်ရ​နေပြီဖြစ်သည် ။
ရွာအပြင်လမ်း​တွေ​တော့သိပ်မသိ​သေး

ည​နေ​စောင်း​လောက်မှာတော့ ရှောင်ကျန့် ရွာထိပ်ကလယ်ကွင်း​တွေဆီကိုသွားပြီး ဓာတ်ပုံရိုက်ချင်လို့အဖိုးကို​ပြောပြီးထွက်လာခဲ့တယ်

ရွာလမ်းတစ်​လျှောက် အားလုံးက ​ဒေါက်တာ​ဒေါက်တာ နဲ့ လှမ်းနှုတ်ဆက်ကြတယ်
ရှောင်ကျန့်လည်းအကုန်လုံးကိုပြန်ပြုံးပြနှုတ်ဆက်ရင်းရွာထိပ်ကို​ရောက်လာခဲ့တယ်။

ရွာထိပ်က​​နေနည်းနည်း​လေးဆက်​လျှောက်​လိုက်တော့လယ်ကွင်း​တွေ​တွေ့ရတယ်။
ည​နေခင်းရဲ့​နေ၀င်ချိန်မှာ လယ်ကွင်း​တွေကြား​ရောက်​နေရတဲ့ခံစားချက်ကလုံးဝအလွှင့်ပဲ

လေ​လေးကတဖြူးဖြူးနဲ့​နေလို့​ကောင်းလိုက်တာ

လယ်​တွေ မှာ က သီးနှံဆိုလို့စပါးပဲရှိသေးတယ်။ စပါး​​တွေကမရိတ်ရ​သေးတာမို့​လေယူရာယိမ်းနွဲ့လို့ ညနေခင်းရဲ့လေပြည်ညှင်းကစပါးပင်နံ့ခပ်သင်းသင်းကိုသယ်ဆောင်ပေးနေလေသည်။

ရှောင်ကျန့်ပတ်ဝန်းကျင်ကိုလည်းရိုက်တယ် သူ့ကိုယ်သူလည်းပြန်ရိုက်တယ်

ဓါတ်ပဲအသားကုန်ဖမ်း​နေ​တော့အ​တော်​လေး​နေ၀င်သွားတာ​တောင်သတိမထားမိ

သတိရတဲ့အချိန်ကျတော်တော်လေးမှောင်နေပြီ
ကွင်းပြင်လို​နေရာကို​ရောက်​နေတာ​​ကြောင့်​နေ၀င်သွား​ပေမယ့်အလင်း​ရောင်​တော့မြင်ရ​သေးတယ်
နည်းနည်းဝိုးတိုးဝါးတား​ပေါ့

ပြန်​နေရင်းအ​မှောင်ဘက်ကိုသိသိသာသာကြီး​ရောက်လာ​တော့ ရှောင်ကျန့်လမ်းကိုပိုပြီးမြန်မြန်​လျှောက်လိုက်တယ်။

ဒါ​ပေမယ့်​လျှောက်​နေရင်း ​နောက်ကလိုက်လာတဲ့​ခြေသံတစ်ခုကိုကြား​လိုက်တာကြောင့် ကြောက်လို့​လှည့်မကြည့်ရဲတော့ပေ။

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now