အုံ့မှိုင်းနေသော ကောင်းကင်သည် ချက်ချင်းပင် ပြိုတော့မယောင် နေ့အလင်းရောင်ပင် ပုန်းလျိုး နေရကာ ရှိလေသည်..
ပတ်ဝန်းကျင်တစ်ခုလုံးသည် တောင်နံရံများ သစ်ပင်တောတောင်များထူထပ်စွာ ပေါက်ရောက်လျက် သည်းထန်လွန်းလေပြီးသော မိုးရေများကြောင့် အချို့သည် ကျိုးပဲ့ ကြေမွ နေကြလေသည်..
လမ်း၏ တစ်ဖက်တွင်နံရံ. . အခြားတစ်ဖက်တွင် နက်ရှိုင်းသော ခြောက်ကမ်းပါး. .
ရှမ်းပြည်မြောက်ပိုင်း တစ်နေရာ ကုန်စည်တို့ ကူးသန်းသွားလာရာ ဤလမ်းမကြီးသည် ယခင်နေ့က သာယာခဲ့သလောက် ပြီးခဲ့သော ပြင်းထန်စွာ ရွာသွန်းသော မိုးကြောင့် မြေစိုင် မြေခဲတို့ အပုံအပင် လမ်းကိုဖြတ်သန်းလျက် ပိတ်ဆို့နေကြပြီ. . .
ကုန်ကားကြီး နှစ်စီး ခရီးသွားကား သုံးစီးသည်လည်း လျောကြသွားသော မြေသားများနှင့်အတူ ခြောက်ကမ်းပါးအတွင်းတွင် ရှိနှင့်နေကြပြီ. .
ပိတ်ဆို့သွားသော လမ်းနှင့်အတူ တဖက်စီတွင် ကားတန်းများက အစီအတန်း ရပ်တန့်နေကြရသည်. .
ဗိုလ်ကြီးသံလွင်ငြိမ်း နှင့်တပ်မတော်သားများအဖွဲ့က အရေးပေါ်ကယ်ဆယ်ရေးအဖြစ် နယ်မြေခံ လူမှုကူညီရေး အဖွဲ့များနှင့် အတူ ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေကြရသည်. .
"အုပ်ချုပ်ရေးမှူးဗျ. . လူနာတွေ ဒီဘက်မှာ ခဏ ထားဖို့ စီစဉ်ထားတယ်.. ဒီဘက်ကို ပို့ပေးပါ. . "
"ဗိုလ်ကြီး လူနာတွေက ထိခိုက်မှု များတယ်ဗျ"
"လူနာတင်ကားတွေတော့ ရောက်နေကြပါပီ. "
"အနီးဆုံး ဆေးရုံတောင် အနည်းဆုံး လေးနာရီလောက်သွားရမယ်ဗျ. ."
"ဗိုလ်ကြီး ဒေသတွင်း NGO က ကျန်းမာရေးအဖွဲ့ လာကူညီမယ်လို့ ဆက်သွယ်ထားတယ်ဗျ. . ရောက်တောင်ရောက်လုပြီထင်ပ"
"ဟာ.. အရမ်းကို ကျေးဇူးတင်ရတော့မယ်ဗျာ. . ဆရာရဲမြင့်တို့အဖွဲ့က ဒီဘက်မှာ ကျန်းမာရေးအဖွဲ့အတွက် ယာယီ ကုသဆောင် လုပ်ပေးထားပါဦး. . ကျန်တဲ့သူတွေက လူနာ သယ်တဲ့ဘက်မှာ ကူညီပေးပါ"
YOU ARE READING
တစ်ခုသော နွေဦးဝယ်. . တစ်ခုသော နွေဦးဝယ်. . (Completed)
Romanceကိုယ်သည်လဲ လူသားတစ်ယောက်ပေမို့ အချစ်တစ်ခုမှာ ပျော်ဝင် ခံစားမိတာ အမှား တစ်ခုလား နွေဦးရယ်. . စည်းကမ်းဘောင်တွေနဲ့ ရှင်သန်လာခဲ့ရပြီး အသက်နဲ့ ခန္ဒာကိုယ် နိုင်ငံမှာ အပ်နှင်းထားရတဲ့ စစ်သားတစ်ယောက်ရဲ့ ဘဝမှာ နှလုံးသားတစ်စုံတော့ လွတ်လပ်စွာ ရှင်သန်ပါရစေကွယ်. .