၂၄(z+u)

29.4K 2.7K 169
                                    

အရှေ့အရပ်မှ နေဝန်းနီသည် ဖြူလွလွ နှင်းမှုန်များကို ဖယ်ရှားကာ အနွေးဓာတ်တို့ ထုတ်လွှင့်လျက် အေးချမ်းလှသည့် ရှမ်းဒေသကြီးသို့ ထွက်ပေါ်လာလေသည်။

စာသင်ကျောင်းလေး အရှေ့တွင်တော့ လက်စွဲတော် DUCATI ဆိုင်ကယ်ပေါ် ခွလျက် ကြီးမားသောကျောပိုးအိတ်ကိုလွယ်ကာ ခရီးထွက်ရန်အသင့်ဖြစ်နေသော သံလွင်နှင့် ဆိုင်ကယ်ဘေးတွင် အနည်းငယ် မျက်မှောင်လေးတွန့်ချိုးကာ အဝါရောင် မာဖလာ တခုကို ကိုင်ထားသည့် နွေဦးတို့ရပ်လျက်ရှိလေသည်။

သံလွင့်မှာ ဆိုင်ကယ်ပေါ်မှ နေ၍ စိတ်အလိုမကျမှုကြောင့် အနည်းငယ် စူထော်ချင်နေသည့် ချစ်ရသူ ဒေါက်တာနွေဦး၏ ခေါင်းလေးကို အသာကိုင်ကာ ငုံ့မိုး စူးစိုက်ကြည့်လျက် ပြုံးကြည်သာစွာ ချော့မြူနေလေသည်။

"တိုင်းပြည့်ဝန်ကို ထမ်းရတဲ့ ဝန်ထမ်းဆိုတဲ့ဘဝမှာ ကိုယ်ရေးကိုယ်တာတွေကြောင့် စိတ်ရှိတိုင်း ပျက်ကွက်နေလို့မှ မရတာပဲနွေဦးရယ်.. နော်.. ဒေါက်တာ့က ကိုယ့်ထက် ဒါတွေပိုသိပါတယ်ကွယ်.. ကို မပြန်ချင်အောင်မလုပ်ပါနဲ့နော်.."

"နောက်ငါးရက်မနေလဲ မနက်ဖန်မှ ပြန်ပါလို့ ပြောတာပဲကို.. နေမှမနေပေးတာ.."

လက်ထဲတွင်ကိုင်ထားသည့် အဝါရောင်မာဖလာလေးကို သံလွင့် လည်တိုင်သို့ အနည်းငယ်ခြေဖျားထောက်ကာ လှမ်း၍ ထုံးချည်ပေးလိုက်ရင်း လိုတာပူဆာမရသည့် ချစ်စဖွယ်ကလေးငယ်သဖွယ် ပြောလိုက်သည်။

"ကိုယ် မင်းကို ဘယ်လောက်ထိချစ်နေပြီး ဘယ်လိုတောင်မခွဲချင်ဘူး ဆိုတာ အရူးတစ်ယောက်လို မင်းရှိရာ လိုက်နေမိတာပဲ ကြည့်တော့လေ.. မင်း နှစ်ခါက သုံးခါ ထပ်ပြောရင် ကိုယ်ငြင်းနိုင်မှာ မဟုတ်ဘူးထင်တယ်.. "

အတူရှိချင်သည့်စိတ်တခုကြောင့်သာ နွေဦးပြောနေမိသော်လည်း တာဝန်ကြေစွာ ထမ်းဆောင်နေသည့် အကို့ကို သူ့ကြောင့် အပြစ်မပြုမိစေချင်ပါ။

လူနာများနှင့် တွေ့လျင် တည်ငြိမ် နွေးထွေးသည့် ဒေါက်တာနွေဦးဖြစ်နေပေမယ့် အကိုနှင့် တူတူရှိချိန်တိုင်း ဆိုးနွဲ့ အနိုင်ယူချင်လာသည့် နွေဦးအဖြစ် ဖန်တီးယူစရာမလိုအောင် အဘယ့်ကြောင့် ပြောင်းလဲသွားလေ့ရှိသည်ကိုတော့ နွေဦး နားမလည်နိုင်ပါ..

တစ်ခုသော နွေဦးဝယ်. . တစ်ခုသော နွေဦးဝယ်. . (Completed)Where stories live. Discover now