၃၁(z+u)

24.9K 2.7K 347
                                    

ငြိမ်သက်နေသော မိသားစုများအားလုံးသည် သံလွင်ငြိမ်း၏ အဖြေအောက် ဆွံ့အကာ သွားရသည်။

မျက်မှန်ဖြူလေးအောက်မှ မျက်ဝန်းတို့အနည်းငယ် တဖျက်ဖျက် ခတ်လိုက်ရင်း အကို့ကို ပြုံးပြလိုက်သည်။

"ကျွန်တော်လက်ခံပါတယ်..အမေဆိုတာ သားအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကျွန်တော် နားလည်မိလို့.. အမေဆိုတာ.. သားဘဝအတွက် ကောင်းခြင်း ဆိုးခြင်းကို သူစိမ်းတွေထက် ပိုခံစားပေးတက်လို့..အမေရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာတဲ့ သားကောင်းတစ်ယောက်ဖြစ်စေဖို့.."

ပြောရင်းဖြင့် ရှိုက်သံတို့ ပါဝင်သွားရကာ အသံတချို့ တိမ်လျက်ဝင်သွားရသည်။

"နွေဦး.."

အကို့ထံမှ တိုးဖွဖွခေါ်သံက တောင်းပန်သည့် အသံတခုလား... အပြစ်မဆိုချင်ပါ.. တလောကလုံး ဘယ်သူတွေ တားကြပါစေ.. ကျွန်တော်တို့ မမှုပဲ ကျော်ဖြတ်ကြမှာပါအကို....ဒါပေမယ့် ကျွန်တော် မလွန်ဆန်နိုင်တာက .. ကျွန်တော် မခံစားခဲ့ရတဲ့ အမေ့မေတ္တာ ပါ... မေတ္တာ တရားတွေ.. ချစ်ခြင်း ရိုသေခြင်းတွေ အပြည့်ရရှိနေတဲ့ အကို့ဘဝကို ကျွန်တော့ ချစ်ခြင်းတစ်ခုနဲ့ လူဆိုးသွမ်း တစ်ယောက်ဖြစ်အောင် ကျွန်တော် မလုပ်ရက်ပါဘူး... ဆိုဆုံးမမှု မရှိတဲ့သားမို့ ဒီလိုလုပ်ရက်သလား ဆိုတဲ့ အကြည့်တွေနဲ့ ကျွန်တော်မေမေရဲ့ ဝိညာဉ်ကိုလဲ မပြစ်ဆိုမခံနိုင်လို့ပါ..

"စိတ်မပူပါနဲ့ အကို ကျွန်တော်ဘာမှ မဖြစ်ပါဘူး.."

"အမေ.. အကိုကြီးတို့်ကို အဲဒီလိုကြီးတော့ မဆုံးဖြတ်ဖို့ ကျွန်တော် တောင်းပန်ပါတယ်.."

စိတ်မကောင်းဖွယ် အကြည့်များဖြင့် ကိုလတ်က လက်အုပ်ချီလျက် အမေ့ကို တောင်းဆိုလိုက်သည်။

"သားလဲ တောင်းပန်ပါတယ် အမေရယ်.. အကိုကြီးက ဘဝမှာ ဘာတောင်းဆိုမှုမှ ရှိခဲ့တာ မဟုတ်ပါဘူး.. သူ့ဘဝရဲ့ ပထမဆုံး တောင်းဆိုချုက်ကို ပြန်စဉ်းစားပေးပါဦးအမေရယ်.."

"အိမ်း.."

အဖေ့ထံမှ စိတ်မချမ်းသာစွာဖြင့် ရေရွတ်သည့်အသံသာ ထွက်ပေါ်လာသည်။

တစ်ခုသော နွေဦးဝယ်. . တစ်ခုသော နွေဦးဝယ်. . (Completed)Where stories live. Discover now