...The End...

26.5K 2.4K 432
                                    

တစ်ခုသော

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

....တစ်ခုသော....နွေဦးဝယ်.....

.....
.....

စိမ်းညို့ညို့ တောင်တန်းများဝန်းရံလျက် ထင်းရှုးပင်ပျိုများ အများအပြားရှိသော အေးမြမြ သည်တောင်ပေါ်မြို့ကလေးသည် ချစ်သောနွေဦးတာဝန်ကျရာ နေရာဖြစ်ပါသည်။

စိမ်းလန်းသောတောင်ယာများ ခြံရံလျက်ရှိသည့် မြေနီလမ်းသွယ်၏ ဘေးတွင် ကားကို ရပ်လိုက်ပြီး ခပ်ဝေးဝေး တောင်ကုန်းငယ်ပေါ်ရှိ ဆေးရုံ အဆင်းလမ်းဆီသို့ တချက်ဝေ့ဝဲကြည့်မိသည်။

နွေဦးညနေခင်းပေမို့ ကြည်လင်သာယာသော ကောင်းကင်သည် ပြာလဲ့စွာဖြင့် မိုးတိမ်သားတို့ ကင်းစင်လျက်ရှိလေသည်။

တောင်ညိုတန်းများထံမှ စီရရီ ပျံသန်းလာကြသည့် ငှက်အုပ်တချို့သည်လဲ ပြာလဲ့လဲ့ မိုးသားများအောက်တွင် ပျော်မြူးစွာဖြင့်...

အိမ်ပြန်ချိန်တို့ ရောက်ပြီမို့်လေ...

အပြာရင့် ဂျင်းဘောင်းဘီတွင် ကြွေဖြူရောင်တောက်နေသည့် ရှပ်အင်္ကျီ အဖြူနှင့် တွဲဖက်ဝတ်ထားသည့် အရပ်မြင့်မြင့် လူရွယ်သည် ကားအတွင်းမှ ထွက်လာပြီး ထင်းရှုးရနံ့များ အနည်းငယ်ထုံမွှန်းကာလတ်ဆတ်နေသည့် လေပြေအေးကို တဝကြီးရှုရှိုက်လိုက်သည်။

မကြာမီ ဟိုအဝေးမြေနီလမ်းဆီမှ မျှော်နေသူ၏ ပုံရိပ်ယောင်ကို ပြပြလှမ်းမြင်နေရလေပြီ..

အဖြူရောင်ဂျူတီကုဒ်ကို လက်မောင်းပေါ်တင်လျက် သရေအိတ်ခပ်ကြီးကြီးကို လက်တွင်ကိုင်ပြီး မနှေးလွန်းမမြန်လွန်းစွာ လျောက်လှမ်းလာသူသည် ညနေခင်းလေပြေနှင့် အတူလွင့်ဝဲလာသည့် သစ်ရွက်ငယ်လေးပမာ..

တစ်ခုသော နွေဦးဝယ်. . တစ်ခုသော နွေဦးဝယ်. . (Completed)Where stories live. Discover now