၁၁(z+u)

26.7K 3.3K 194
                                    

မြောင်ပိုင်း ရှမ်းပြည်၏ ဆောင်းရာသီ ညချမ်း အချိန်က အရိုးကွဲမတက် အေးလွန်းလှပေသည်။

ကွေ့ကောက်သော တောင်ပတ်လမ်း တလျောက် ည၏ လရောင်လဲ့လဲ့အောက်တွင်တော့ လူရွယ်တစ်ယောက် ဆိုင်ကယ်တစ်စီး အပြင်းမောင်းလျက်ရှိလေသည်။

အကယ်၍ မြင်ရမည်ဆိုလျင် ထိုလူငယ်သည် ကြည်နူး ငြိမ်းချမ်းနေသည့် အပြုံးကို ဆင်လျက် ည၏ အအေးဓာတ်ကိုပင် သတိမထားမိစေနိုင်လောက်အောင် ပြုံးပျော်ရွှင်နေမှုကိုပါ မမောမပန်းမြင်ရနိုင်ပါသည်။

"သိပ်ကို ကျေနပ်စရာကောင်းတာပဲ. .နောက်ဆုံးတော့ ငါ အဆင်ပြေပြေပြောနိုင်ခဲ့ပြီ. ."

အနှီလူရွယ်ကို ကြည့်ရခြင်းအားဖြင့် စစ်ပွဲကြီး တစ်ပွဲကို အကျိတ်အနယ် တိုက်ခိုက်အောင်မြင်လာသည့် စစ်သူကြီးသဖွယ် ဝင့်ကြွားမြူးထူးနေခြင်းဖြစ်သည်။

"ငါ့နှုတ်က ဒီလောက် နူးညံ့တဲ့ စကားထွက်လာခဲ့မယ်လို့ကို မထင်ခဲ့မိတာ. ."

"ဒီလောက်ခက်ခဲတဲ့ အလုပ် ငါ့ဘဝမှာ ထပ်ရှိနိုင်မယ်မထင်တော့ဘူး"

နှုတ်မှ တရွရွ ရွတ်ကာ ထိုသူသည် စစ်တပ်ဝန်း တခု အရှေ့သို့ အရောက် တပ် ဂိတ်ပေါက်ဆီသို့ ကွေ့ရာလမ်းအတိုင်း မောင်းဝင်လာခဲ့သည်။

"ရပ် ဘယ်သူလဲ"

အားမန်အပြည့်ဖြင့် ဟိန်းထွက်လာသော ဂိတ်စောင့် ရဲဘော်၏အသံသည် ညနက်ယံတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"ဇီးကွက်"

ဂိတ်တခါးပွင့်လာပြီး ဆိုင်ကယ်ကို တွန်းဝင်လာသောလူရွယ်ကို အလင်းမီးတိုင်အောက်တွင် မပီဝိုးတဝါး ထိုစစ်သည်တွေ့လိုက်ရသည်။

"ဗိုလ်ကြီး သံလွင်"

မတ်မတ်ရပ်ကာ အလေးပြုလိုက်ပြီး

"ဗိုလ်ကြီး နေ့လည်ကမှ ရတ ပြန်ရောက်ပြီး မပင်မပန်း ဘယ်က ပြန်လာသလဲဗျာ. .ညတောင်အတော်နက်နေပြီ. ."

"နှလုံးမကောင်းလို့ ဆရာဝန်သွားပြတာ. ."

##ဒီလောက် ညသန်းခေါင်ကြီးထိလား.
##

ဂိတ်စောင့်စစ်သည်လေးသည် အတွေးများစွာဝေခွဲမရစွာဖြင့် ကျန်ခဲ့လေသည်။

တစ်ခုသော နွေဦးဝယ်. . တစ်ခုသော နွေဦးဝယ်. . (Completed)Where stories live. Discover now