၁၂(z+u)

26.2K 3.4K 144
                                    

အချစ်သည် တခါတရံ လူကို တုံးအ သွားစေသလားဟု နွေဦးသစ် တွေးနေမိသည်။

တမ်းတနေမိသူကို မျှော်လင့်နေချိန်မှာ တွေ့ခွင့်ရလိုက်သည့်အခါ သူ့မျက်နှာ မှလွဲ၍ အရာရာကို မေ့လျော့သွားမိသည်။

ရီဝေနေသည့် အချစ်စိတ်တို့ဖြင့် အိပ်စက်ပြီး နိုးလာသော သကာလ ဘေးတွင်သူမရှိသောအခါမှ ဆက်သွယ်စရာ ဖုန်းနံပါတ် မေးမထားမိသည်ကို ထိတ်လန့်စွာ သိလိုက်ရသည်။

"ငါဟာလေ. . ဒီလောက်ခက်ခက်ခဲခဲ ပြန်တွေ့ရတာ.... ဖုန်းနံပါတ်လဲမသိ..တပ်လိပ်စာလဲ မမေးမိ. .."

"ဘုရားရေ. . သူမလာတော့ရင်..ဘယ်လိုလုပ်ပါ့မလဲ. . "

ရင်သည် ပူလောင်ပြင်းရှကာ အတွေးတို့သည် ရှုပ်နေရ၏။

"...ကိုယ်မမေးမိပေမယ့် ခင်ဗျားကရောဘာလို့ မေးမသွားရတာလဲ ဦးသံလွင်...

...ဒါက ခင်ဗျား တခဏတာ စိတ်ပြေရာပြေကြောင်းအတွက်ပဲ ရောက်လာခဲ့တာလား. ..

...ဟင့်အင်း. ..အဲဒီလို မဖြစ်ရဘူးနော်. ."

မျက်ဝန်းတိုကို မှိတ်ကာ နင့်နင့်နဲနဲ လွမ်းဆွတ်မှုဖြင့် စိတ်တွင်းမှ ရေရွတ်မိသည်။

"ကျေးဇူးပြု ပြီး ဒီလို ပျောက်ကွယ်မသွားပါနဲ့နော်. .ကျွန်တော်က တွေ့နေချင်သေးတာ . . မခွဲနိုင်သေးဘူးမို့..."

တီးတိုးရေရွတ်မိပြီး ရုံးသွားဖို့ရာအတွက် စိတ်မပါ လက်မပါ ပြင်ဆင်နေမိသည်။

အပြင်ဘက်တွင် ဆောင်းနှင်းတို့ဖွေးဖွေးဆွတ်စွာ ကျဆင်းလျက် အေးမြလှပနေလေသည်။

နွေဦးရုံးကိုရောက်လာကာလုပ်လက်ကိစ္စများနှင့် တောင်ပေါ်ဒေသ ဆေးကုသရေး ခရီးစဉ်များအတွက် ရေးဆွဲကာ လိုအပ်သည့်ကိစ္စများဆွေးနွေးကြသည်။

သူနှင့်ပြန်တွေ့သည့်ကာလလေးမှာ စိတ်အားထက်သန်သည့် ဆေးကုသရေး ခရီးစဉ်များကို သွားဖို့ရန် စိတ်မပါနိုင်ဖြစ်နေရသည်။

စားပွဲတွင်ထိုင်ရင်း ခရီးသွားရန် စဉ်းစားနေမိသည်။

တွီတွီ. .

ဖုန်း sms ဝင်လာသံကို ကြားသော်လည်း အရေးတယူမကြည့်မိပဲ ဖုန်းကို ဘေးသို့ပစ်ချမိသည်။

တစ်ခုသော နွေဦးဝယ်. . တစ်ခုသော နွေဦးဝယ်. . (Completed)Where stories live. Discover now