၄၁(z+u)

28.4K 2.1K 145
                                    

မှားခဲ့ပါသလား.. ပြန်မတွေးချင်တော့ပါ..

ရေမှာတင့်တယ်နေသော ကြာပန်းတပွင့်ကို တောင်ထိပ်မှာ ပွင့်လန်းစေချင်နေသည့် ကိုယ်တို့အဖြစ်ကိုသာ အပြစ်တင်ရမည်လား..

သိုပေသော်လည်း စူးနစ်စွာ ခံစားနေရသည့် ခံစားချက်တို့်က နောက်ဆုတ်ဖို့ရာ မဖြစ်နိုင်သည့် သက်သေတခုဖြစ်နေချေသည်...

လိုက်ဖက်လွန်းပါသည်။ နေနှင့်လ ဆိုသကဲ့သို့ အကိုနှင့် မိန်းမလှလေးသည် လူ့ဘောင်စည်းတစ်ခုအတွင်း အလွန်တရာမျှ ပဏံသင့်ကာ လိုက်ဖက်လွန်းနေသည်မို့ နွေဦးရင်တို့ အားငယ်မောလျစွာသိမ်ငယ်မှုကို ခံစားရစေသည်...

အကိုကဲ့သို့ အရာရာပြည့်စုံနေသူသည် ချောမောတင့်တယ်လွန်းသည့် မိန်းမလှ တစ်ဦးဦးနှင့်သာ အတူ ဘဝခရီးရှည်ကို ဝင့်ဝင့်ထည်ထည် ရှေ့ဆက်သင့်သည်မဟုတ်လား...

အချစ်သည် အတ္တ တစ်ခု မဖြစ်သင့်ဟု တွေးတောမိချိန်တွင် နှလုံးသားသည် ပြင်းထန်စွာ ကန့်ကွက်နေလေသည်....

"ငါ သိပ်ကိုအတ္တကြီးလွန်းသွားပြီလား."

မဏ္ဍပ်မှ ပြန်လာပြီး အခန်းတခါးပိတ်ကာ ကုတင်ပေါ်တွင် ဒူးနှစ်ဖက်ကို လက်ဖြင့် ပိုက်လျက် အချစ်၊ ပိုင်ဆိုင်လိုစိတ်၊ အတ္တ၊ သဘာဝတရား၊ ဖြစ်တည်မှု ရှုပ်ထွေးလွန်းသော အတွေးတို့ဖြင့် ရောထွေးလျက် ငြိမ်သက်ကြောက်ရွံ့စွာ ထိုင်နေမိသည်။

ခပ်ဝေးဝေးမှ ဆိုင်ကယ်သံကြားနေရပြီး အခန်းရှေ့တွင်ရပ်တန့်သွားသည်ကို ခံစားသိနေမိသော်လည်း တံခါးတချပ်၏ နောက်ကွယ်ကို ရင်ဆိုင်ဖို့ရာ အလွန်ပင် စိုးထိတ် တွန့်ဆုတ်နေမိသည်။

"ဒေါက်..ဒေါက်.."

"နွေဦး.. တခါးဖွင့်ဦးလေ.."

ထိုင်ရာမှ မထဖြစ်ပဲ အချင်းချင်း ယှက်သွယ်ထားသည့် လက်နှစ်ဖက်ကို ဆုပ်ညှစ်လျက် စိတ်အလျဉ်တို့ စုစည်းမရ ဖြစ်နေရသည်။

"နွေဦး.. ခဏဖွင့်ပါဦး.. ခဏလေးပဲနော်.."

ငြိမ်သက်ဆဲ အခန်းငယ်၏ အငွေ့အသက်ကြောင့်လား မသိ အပြင်မှ ခေါ်သံရပ်သွားသဖြင့် နွေဦး စိတ်တို့ လျော့ချမိလိုက်သည်။

တစ်ခုသော နွေဦးဝယ်. . တစ်ခုသော နွေဦးဝယ်. . (Completed)Where stories live. Discover now