၄၂(z+u)

24.1K 2.3K 308
                                    

စားပွဲပေါ်မှ ထမင်းကို တဇွန်းချင်း ဖြည်းညင်းစွာ စားနေသည့် နွေဦးပန်းကန်ထဲသို့ ငါးအရိုးဖယ်ကာ ထည့်ပေးနေရင်းဖြင့် နှုတ်ခမ်းဖျားတို့ တွန့်ချိုးကာပြုံးလျက် တချက် တချက် နွေဦးမျက်နှာလေးကို သံလွင်စိုက်ကြည့်နေမိသည်။

ကြည့်နေသည်ကို သိပါလျက် ခေါင်းမဖော်တမ်း တမင်ပင် အာရုံစိုက်ကာ ငုံ့လျက် စားနေသည့် နွေဦးပုံစံကြောင့် အသဲယားနေရသည်က သံလွင်ပင်...

"ဒီဘက်မှာလေ နွေဦးရဲ့ ရေက.. အဟွန်း.."

နွေဦးအရှေ့သို့ ကြွေခွက်ဖြူဖြူလေး ရွှေ့ပေးလိုက်ရင်း အနည်းငယ် ဟန်မဆောင်နိုင်ကာ အပြုံးတို့ ထင်သာသွားရသဖြင့် စူပုတ်ပုတ် အကြည့် တချက် ဝေ့ကနဲ ရောက်လာလေသည်။

"အဲလို ပြုံးနေမယ်ဆို ကျွန်တော် ထမင်းမစားတော့ဘူးနော်.. ဦးသံလွင်.."

"အိုခေ.. ကိုယ်မပြုံးတော့ဘူးနော်.. စားပါ...."

"ကြည့် ..ဦးသံလွင်.. ခင်ဗျား ပြုံးနေတာ တွေ့လား.. တော်ပီ.. ခင်ဗျား ကျွန်တော့်ကို လှောင်ချင်နေတာမဟုတ်လား.. "

နှုတ်ခမ်းဖူးတို့ စူထော်ကာ ရှက်ရမ်းရမ်းပြီး လိုက်ထုနေသည့် နွေဦးလက်ကို ကိုယ်ကို ယိမ်းလျက် ရှောင်ဖယ်လိုက်ရသည်..

"ဟား.ဟား.. နွေဦးရယ်..လှောင်တာမဟုတ်ပါဘူး...ကိုယ်က တစိမ့်စိမ့်တွေးပြီး ချစ်နေတာပါ..."

မျက်နှာနုနု နီရဲလာသည်ထိ ရှက်နေသည့် နွေဦးကြောင့် သံလွင် တဟားဟား အော်ရီရင်း ပြောမိသည်....

နေ့လည်က သဝန်တွေ စွတ်တိုကာ လူကို မထိန်းနိုင်အောင် အနမ်းတပွင့်နှင့် စလာခဲ့သည်။

ချစ်သူဘဝ နွေဦးထံမှ တခါမှ မကြုံဖူးခဲ့သည့် ပြင်းရှရှ လှိုက်မောဖွယ် ရင်ခုန်သံတို့ရောစွတ်ပြီး ကြည်နူး ဆွတ်ပျံ့စရာကောင်းသော အချစ်၊ အနမ်းတို့နှင့် တုန့်ပြန်ပြီး အရာရာ သူ့အလိုကျ လိုက်လျောခွင့်ပြုခဲ့သည့် ချစ်ရသူလေးသည် ယခုတော့ ရှက်ရွှံ့နေသည်မှာ မြတ်နိုးဖွယ်အတိ...

ကိုယ်သည်ပင်လျင် သူ၏ စွဲလမ်းဖွယ်အမူအယာတို့ကို မမေ့ပျောက်နိုင်ပဲ စိတ်တွင် တရေးရေးထင်မြင်လျက် ကြည်နူးနေမိသည်မို့ အပြုံးတို့ ရှိနေရခြင်းပင်..

တစ်ခုသော နွေဦးဝယ်. . တစ်ခုသော နွေဦးဝယ်. . (Completed)Where stories live. Discover now