၂၈(z+u)

21.6K 2.6K 204
                                    

"ကျွန်တော့်ရဲ့ မိဘတွေအကြောင်း..."

လေထုသည် ရုတ်တရက် အေးစက်စွာ ခံစားနေရသည်။ ညသည် ပို၍ ပို၍ တိတ်ဆိတ်နေသကဲ့ပင်..

နွေဦးထံမှ ထွက်လာသည့် စကားအချို့ကြောင့် သံလွင် ရင်ခွင်ထဲမှ အဖြူရောင် ကောင်လေး၏ ဆံနွယ်အချို့ကို ညင်သာစွာ နမ်းရှိုက်မိသည်။

"ဘာလဲ နွေဦးအဖေက ကိုယ်တို့ကို လက်ခံမပေးနိုင်တဲ့ အနေအထားမို့လား"

"အဲဒီအခြေအနေကို ပြောချင်တာမဟုတ်ဘူး.. ကျွန်တော့မိဘ ဘယ်သူလဲ.. ဘာတွေလုပ်ကြလဲ.. ဘယ်မှာနေကြလဲဆိုတာတွေပေါ့.. "

"အဲဒါတွေပြောဖို့ တစ်ကယ်လိုအပ်လို့ လားဟင်...နွေဦး... မလိုအပ်ရင် ကိုယ် မသိချင်ပါဘူး.. "

မျက်မှန်ဖြူဖြူလေးအောက်မှ မျက်ဝန်းတောက်တောက်လေးသည် ညမီးရောင် ဖျော့ဖျော့အောက်မှာပင် ညိုးငယ်စွာ တောက်ပနေသေးသည်။

"တစ်ချိန်ကျရင် ပြောဖို့ရည်ရွယ်ထားတယ်.. အဲဒီတချိန်က ခုလို အကိုနဲ့ ကျွန်တော်တို့ရဲ့ ခုလို အားလပ်ရက်ခရီးစဉ်မှာတော့ မဟုတ်ခဲ့ပါဘူး.."

"ကိုယ်ဒါတွေ တစ်ကယ်မသိချင်တာမို့.. မဟုတ်ဘူး.. ကိုယ့်အတွက် သိလဲ ဘာမှပြောင်းလဲမသွားမှာမဟုတ်လို့.. "

"ပြောဖို့ တွေးမိတိုင်း ရင်ထဲမှာ ဆုပ်ညှစ်ထားသလိုပဲမို့ပါ.. ပြောမှဖြစ်မှာမို့..."

တုန်ခါနေသည့် အသံကို အတတ်နိုင်ဆုံးထိန်းလျက်ပြောနေရသည့် ချစ်ရသော နွေဦးသည် တည်ငြိမ်မှုကို အတော်ပင် ဆောက်တည်နေရဟန်ရှိနေပါသည်။

"ကျွန်တော့ ပါပါးက...."

"ရှုး..."

နွေဦး နှုတ်ခမ်းနုနုများကို သူ့လက်ဖျားဖြင့် အသာထိကာ ပိတ်လိုက်ပြီး ရင်ခွင်တွင်း သို့ ဖွဖွညင်သာစွာ ပွေ့ဖက်လိုက်သည်။

"မင်းက.."

"မြောက်ပိုင်းရာဇာဆိုတဲ့ မူးယစ်ဆေးရောင်းဝယ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင် ဦးစိုင်းမြတ်သစ်ရဲ့ တစ်ဦးတည်းသောသား ဆိုတာ...နောက်ပြီး... ဒုခေါင်းဆောင်နေမင်းညိုရဲ့ သိပ်မြတ်နိုးရတဲ့  နှလုံးသားတခု ဆိုတာ.... ဒါတွေကို မင်းပြောချင်ခဲ့တာဆိုရင် ဒီအတွက် မင်း စိုးရိမ်နေစရာ မလိုအပ်ပါဘူး အချစ်ရယ်.."

တစ်ခုသော နွေဦးဝယ်. . တစ်ခုသော နွေဦးဝယ်. . (Completed)Where stories live. Discover now