ရွာအဝင်လမ်းရှိ အုပ်ဆိုင်းသော သစ်ပင်အောက်တွင် နွေဦးကားကိုရပ်လိုက်သည်။ မကြာမီ စစ်ယဉ်တန်းတွေ လာကြတော့မည်ပေါ့။
ရာသီစက်ဝန်း တနှစ်ကျော်မျှ မတွေ့ရပြီဖြစ်သည့် အကို့ ပုံစံသည် အဘယ်သို့ရှိနေပြီလဲ...
မကြားရတာကြာသည့် အကို့အသံ သြရှရှကို ကြားချင်မိသည်။
မထိတွေ့ဖြစ်သည့် ရင်ခွင်နွေးနွေးကို လွမ်းပါသည်။
အကိုနှင့် ပြန်ဆုံတွေ့ကြချိန် ပျော်ရွှင်မှုတို့ ထိမ်းနိုင်ပါမည်လား..
အတွေးများဖြင့်ပင် ရင်ခုန်လှိုက်မောရပါ၏..
ရွာလမ်းတလျောက် ရှေ့တန်းပြန်တပ်မတော်သားများကို ကြိုရန် ဌာနဆိုင်ရာအဖွဲ့အစည်းမှအချို့နှင့် တပ်မဌာနချုပ်မှ စစ်သည်ရဲမေများ သွားလာလှုပ်ရှားနေကြသည်။
လှပသော မိန်းမပျိုလေးများသည်လည်း သပြေပန်းများ ပန်းကုံးများကိုင်လျက် စောင့်စားနေကြသည်။ အနည်းငယ်ရှုပ်ရှက်ခက်နေသည့် လူများနှင့် ခပ်ဝေးဝေးတနေရာမှ နွေဦးကားကို မှီကာ လက်ပိုက်လျက် ငေးနေမိသည်။
အဖြူရောင် ရှပ်အင်္ကျီ slimfit နှင့် ငှက်ခါးရောင် pant ကို သပ်ရပ်စွာဝတ်ဆင်ထားသည့် နွေဦးပုံစံလေးက အဝေးမှကြည့်လျင်ပင် ရင်ကို ငြိမ်းချမ်းစေနိုင်အောင် သန့်ပြန့်ချောမောလွန်းလှသည်။
နွေဦးရပ်နေရာအနီးမှ ယူနီဖောင်းနှင့်အရာရှိတစ်ဦး ဆိုင်ကယ်တစ်စီး ဝှီးကနဲ ဖြတ်မောင်းသွားပြီး အဝေးသို့မရောက်ခင် ပြန်လှည့်လာသည်ကို တွေ့ရသည်။
ကိုယ့်ထံသို့ လာသည်ဟု မထင်မိသော်လည်း ကားအနီးရောက်ချိန် ရပ်တန့်သွားပြီး helmet ကိုချွတ်လိုက်ချိန်မှ..
"သြော်.. ဗိုလ်ကြီးမြတ်မင်း.."
"ဒေါက်တာ..သံလွင့်ကို လာကြိုတာလား.."
ဆိုင်ကယ်ကို ဒေါက်ထောက်လျက် နွေးဦးအနားသို့ ဆင်းလာရင်း မေးလာသည်။ သိနေပြီးဖြစ်သော်လည်း အနည်းငယ်တော့ မျက်နှာပူရသည်။
"အင်.. ဟုတ်ကဲ့.. မနေ့က ပြန်လာမယ်လို့ စာရေးထားပြီး မရောက်လို့.. ဒီနေ့တော့ လာမယ်ထင်ပြီး.. အဲဒါ.."
YOU ARE READING
တစ်ခုသော နွေဦးဝယ်. . တစ်ခုသော နွေဦးဝယ်. . (Completed)
Romanceကိုယ်သည်လဲ လူသားတစ်ယောက်ပေမို့ အချစ်တစ်ခုမှာ ပျော်ဝင် ခံစားမိတာ အမှား တစ်ခုလား နွေဦးရယ်. . စည်းကမ်းဘောင်တွေနဲ့ ရှင်သန်လာခဲ့ရပြီး အသက်နဲ့ ခန္ဒာကိုယ် နိုင်ငံမှာ အပ်နှင်းထားရတဲ့ စစ်သားတစ်ယောက်ရဲ့ ဘဝမှာ နှလုံးသားတစ်စုံတော့ လွတ်လပ်စွာ ရှင်သန်ပါရစေကွယ်. .