Extra

24.3K 2.2K 464
                                    

ဘဝ၏ ခက်ခဲခဲ့သော အစိတ်အပိုင်းများကို ကျော်လွန်ခဲ့ပြီးသည့်နောက် သူနင့် ကျွန်တော် တစ်မိုးအောက်တွင် နှစ်ယောက်အတူ နေနိုင်ခဲ့သည့် အချိန်များသို့  ရောက်ရှိလာခဲ့ပါသည်။

ကုန်လွန်ခဲ့သော အတိတ်ကို ပြန်လည်တမ်းတကြည့်မိလျင် အရာရာသည် လွမ်းဆွတ် မြတ်နိုးဖွယ်ရာ အတိတ်များအဖြစ် ယခုချိန်ထိ ဖြစ်တည်နေဆဲပင်။

ဝေးကွာခြင်းတို့ကို နက်ရှိုင်းစွာ လွမ်းဆွတ် ခံစားခဲ့ကြပြီးသည့်နောက် အတူရှိချိန်များသည် တစ်မိနစ် တစ်စက္ကန့်သည်ပင်လျင် ရွှေစင်ရွှေသားကဲ့သို့ တန်ဖိုးထားမိလာပါသည်။

မောမြေ၏ ဆောင်းဦးရာသီ နေ့ရက်များသည် ရေခဲတမျှအေးစက်ကာ နှင်းငွေ့မှုန်တို့သည် နံနက်ခင်းနေခြည်နုနုကြား အနည်းငယ် လွှမ်းခြုံရစ်သိုင်းလျက်ရှိနေသေးသည်။

မကြာမီ သိမ်မွေ့သော ခြေသံဖျက်ဖျက်ကို တိုးညင်းစွာကြားလိုက်ရပြီး အေးစက်လွန်းသော တောင်ပေါ်လေထုက အိပ်ခန်းတွင်းသို့ တိုးဝှေ့ဝင်ရောက်လာလေသည်။

မှေးမှိတ်ထားသော မျက်ဝန်းများထံသို့ အလင်းစူးစူးနှင့်အတူ အေးစက်သော လေများ ပါးပြင့သို့ ထိတွေ့လာသဖြင့် ခြုံလွှားထားသော စောင်ထူထူအိအိကို မျက်နှာအုပ်သည်ထိ ဆွဲယူလိုက်သည်။

"အဲဒီလိုက်ကာတွေကို ဘာလို့ဖွင့်တာလဲ.. တောင်ပေါ်လေတွေ ဒီလောက်တိုက်နေတာကို..ဦးသံလွင်.."

အလိုမကျစွာခပ်တိုးတိုးပြောလိုက်ပြီး ဖက်ခေါင်းဦးပေါ်သို့ ခြေတဖက်ကို ပိုတိုး၍ခွဖက်လိုက်ကာ စောင်အောက်သို့ ပိုတိုးဝင်လိုက်လေသည်။

"ထတော့လေ.. နွေဦးရဲ့.. ကိုးနာရီထိုးနေပြီ.."

မျက်နှာပေါ်သို့ အုပ်ထားသည့် စောင်ကို ရင်ဘက်အနားထိ ခပ်ဖွဖွဆွဲဖယ်ခံလိုက်ရပြီး နားရွက်အနီးမှ နူးညံ့စွာ တိုးဖွဖွအသံကြောင့် မဖွင့်ချင်သေးသည့် မျက်လုံးများကို ဖြူသွယ်သွယ် လက်ခုံဖြင့် ပွတ်သပ်ပြီးလျင် အနည်းငယ်မှေးစင်းကာ ဖွင့်ကြည့်လိုက်သည်။

နီးကပ်စွာတည်ရှိနေသည့် မျက်နှာချောချောက နံနက်ခင်းနှင့်အတူ အပြုံးတို့ လတ်ဆတ်စွာဖြင့် ငုံ့မိုးကြည့်နေခဲ့သည်ကို တွေ့လိုက်ရချိန် မျက်မှောင်ကုပ်ချိုးကာ နှုတ်ခမ်းဖူးများက အလိုလို စူထော်သွားမိလေသည်။

တစ်ခုသော နွေဦးဝယ်. . တစ်ခုသော နွေဦးဝယ်. . (Completed)Where stories live. Discover now