၁၈(z+u)

26.6K 2.7K 176
                                    

ကျလိ...  ကျလိ.. ကွိ.. ကွိ.. ကွိ..

မနက်ခင်း နွေးထွေးသည့် နေရောင်လဲ့လဲ့ကမျက်နှာပေါ်သို့ အနည်းငယ် ရောင်ဖျုာကျလာချိန် နွေဦးနိုးလာခဲ့သည်။

နိုးထလာလျင်လာချင်း ပထမဆုံးတွေးမိသည်က ညက ချစ်သော အကို၏ ဇွတ်တရွတ်ဆန်သော အနမ်းကြမ်းကြမ်းတို့ကိုပါ..

"အား.. "

ရှက်ရွံ့စွာ စောင်ထူထူထဲသို့ ခေါင်းဝင်ကာပုန်းမိသည်။ ထို့နောက်မှ ဘေးသိုပြန်ကြည့်မိချိန် အကိုမရှိပါလေ..

အကိုသည် ဘယ်အချိန်က ထသွားသည်မသိရ.. နွေဦးအိပ်စက်ခြင်းကို အနှောက်အယှက် မဖြစ်စေဘဲ တီးတိုး ဖွဖွညင်သာစွာ ထွက်ခွာသွားတက်သည်။

"ပြောတော့ စနေနေ့ အတူတူ နေပေးမယ်ဆိုပီး..အမြဲ ဒီလိုပဲ.."

ဘေးဘက်တွင် အကို အိပ်သော ခေါင်းအုံးသည် ဖရိုဖရဲမဖြစ်.. ညဝတ်ထည်က ဘီရိုအောက်ဘက်တွင် သပ်ရပ်စွာခေါက်လျက်သား... နွေဦး၏ အိမ်တွင်းစီး အဝတ်ဖိနပ်သည် အိပ်ခန်းဝတွင် စီးရန်အသင့်... ကျေနပ်မှုကြောင့် တချက်ပြုံးလိုက်ကာ အောက်ထပ်ရေချိုးခန်းရှိရာ အိပ်ချင်မှုံရီစွာ ဝင်လာခဲ့သည်။

ရေချိုးခန်းမှန်ရှေ့တွင် သွားတိုက်ဆေး အသင့်ထည့်ထားသော သွားတိုက်တံတချောင်းက သန့်ရှင်းစွာ တင်ထားလေသည်။

"ဒီလိုတွေလုပ်နေရင် ငါတော့ အကျင့်ပါတော့မယ်.. ဒီလူကတော့.."

မျက်နှာသစ် သန့်ရှင်းရေးပြုလုပ်ပြီးချိန် နှာဝအတွင်း မွှေးပျံ့သော ဟင်းအနံ့တစ်မျိုးဝင်ရောက်လာမှုကြောင့် အနံ့ခံကြည့်မိသည်။

"ငါစိတ်ထင်တာလား.. အနားမှာ အိမ်တွေကလဲ မနီးတော့ အနံ့ရစရာ မရှိပါဘူး.."

မီးဖိုခန်းဘက်သို့ လျောက်လာရင်း..

"ဒါ.. မုန့်ဟင်းခါး.. မုန့်ဟင်းခါးနံ့ပဲ.."

အလွန်ချစ်စရာကောင်းသောဆရာဝန်လေးသည် အူယားဖားယား မီးဖိုခန်းသို့ပြေးလေရာ  မြင်လိုက်ရသော မြင်ကွင်းကြောင့် အံ့သြသွားလေသည်။

အေပရွန်ကို ဝတ်ထားသည့် ကျစ်လစ်မြင့်မားသောအရပ်နှင့် ကျယ်ပြန့်သော ကျောပြင်တစ်ခု..

တစ်ခုသော နွေဦးဝယ်. . တစ်ခုသော နွေဦးဝယ်. . (Completed)Where stories live. Discover now