၄၀(z+u)

20.7K 2.2K 179
                                    

အကိုနှင့် စတင်တွေ့ဆုံရာ ကယ်ဆယ်ရေး လုပ်ငန်းခွင်ကာလတွင်သာ ယူနီဖောင်းဝတ်ဆင်သည်ကို နွေဦးမြင်ဖူးသည့်အတွက် ယခုလို သံလွင်စိမ်းရောင် ယူနီဖောင်းအပြည့်အစုံဖြင့် မြင်တွေ့ရသည့်အခါ အကိုသည် ပို၍ခန့်ညားစေသည်ဟု နွေဦး ထင်မှတ်မိသည်။

ယူနီဖောင်းနဲ့ အကိုက သိပ်ကြည့်ကောင်းတာပဲဟု သူပြောသောအခါ ခါးပတ်ပတ်နေရင်း အပြုံးနွေးနွေးဖြင့် ပြန်လှည့်ကြည့်လာသည်။

သွားရန်အသင့်ဖြစ်ချိန်တွင် အချိန်သည် မနက်ခင်း ၇နာရီခွဲပင်ရှိနေပြီဖြစ်သည်။

အခန်းအရှေ့ ခုံငယ်လေးတွင် အကိုထိုင်၍ shoe ကို ကြိုးချည်နေချိန်တွင် အနည်းငယ် အဆင်ပြေစေဖို့ နွေဦး အကို့ဖိနပ်ကို ကြိုးချည်ပေးလိုက်တော့ ခပ်ပွပွ နွေဦးဆံပင်များကို ဖွလာသည်။

"ရပါတယ် နွေဦးရဲ့.. ကိုယ်အဆင်ပြေပါတယ်.."

မော့ကြည့်ရင်း ပြုံးပြလိုက်ပြီး..

"ကျွန်တော်လုပ်ပေးချင်လို့လေ.. နော်"

"၉ နာရီလောက်ဆို မဏ္ဍပ်တွေ စတော့မှာ... အဲအချိန်လောက် ကိုယ်လာခေါ်မယ်နော်.. တယောက်တည်းထားခဲ့ရတာ တကယ် စိတ်မကောင်းဘူး.. နွေဦးပျင်းနေတော့မှာ..."

"ဟင့်အင်းအကို.. ဝန်ထုပ်ဝန်ပိုးတစ်ခုလို သဘောမထားပဲ သက်သောင့်သက်သာ သွားပါ.. ကျွန်တော်မပျင်းပါဘူး.."

ဆိုင်ကယ်ပေါ်တက်ကာနီး အခန်းဘေးဘယ်ညာသို့ တချက်ကြည့်ပြီးလျင် အနမ်းနွေးနွေးတချက် နွေဦး၏ ဖြူစွတ်သော နဖူးပြင်လေးသို့ လာရောက်ထိခတ်လေသည့်။

"အာ.. ဦးသံလွင်..ဒါကစစ်တပ်နော်.."

"အဟွန်း သွားပြီ..တခုခုလိုရင် ကိုယ့်ကို ဖုန်းဆက်နော်.."

မောင်းထွက်သွားသည့် အကို့နောက်ကျောကို ကြည့်ရင်း အမည်မသိ ကြည်နူးမှုတစ်ခု ရင်သို့ ဖြစ်တည်ရသည်။ မနက်ခင်းတွေ အကိုနှင့် အတူ နိုးထရခြင်းသည် အလွန် ပျော်ရွှင်ဖွယ်ရာ ကောင်းသည်မဟုတ်လား.. အတွေးတို့ဖြင့် အခန်းထဲသို့ပြန်ဝင်လာခဲ့သည်။

အကိုသည် အလွန်ပင် စည်းကမ်းစနစ် ကျနသူဖြစ်ကြောင်း အခန်းတွင်း ပစ္စည်းများ ထားသိုပုံကြည့်ရသည်နှင့် ကောက်ချက်ချနိုင်သည်။

တစ်ခုသော နွေဦးဝယ်. . တစ်ခုသော နွေဦးဝယ်. . (Completed)Where stories live. Discover now