၃၂(z+u)

27.1K 2.5K 219
                                    


ခန္ဒာကိုယ်သည် တစ်စုံတရာတွင် အံဝင်ခွင်ကျ ကွက်တိဖြစ်နေကာ နွေးထွေးလွန်းနေပြီး ဖယ်ခွာမသွားချင်အောင် လုံခြုံနေသကဲ့သို့ ခံစားနေရသည်။

ဘယ်အရာကများ မနိုးထချင်လောက်အောင် နွေဦး၏ စိတ်ရော ခန္ဒာကိုယ်ပါ လုံခြုံနွေးထွေးမှူကို ခံစားနေစေသလဲ..

မှိတ်ထားသောမျက်ဝန်းများကို အားတင်းကာ ဖွင့်မိတော့ အပြာရင့်ရောင် အကွက်စိပ်စိပ် အကျီ၏ ဖြုတ်ဟ ထားသော ကျယ်သီးဖြူလေး.. စားပွဲပေါ်မှ မျက်မှန်ဖြူလေးကို ယူတပ်လိုက်တော့ အရာရာသည် ကြည်လင်လာသည်။

သူရောက်နေရာသည် အကို့လက်မောင်းကို ခေါင်းအုံးပြီး ရင်ခွင်တွင်းမှာ ငြိမ်းချမ်းစွာ အိပ်နေမိသည်ပဲ..

ရင်ခွင်ပေါ်ခေါင်းတင်ကာ အကို့မျက်နှာ အစိတ်အပိုင်း တစ်ခုချင်းစီကို ဖွဖွထိတွေ့ကာ ကြည့်နေမိသည်။

စိမ်းဖန့်ဖန့်မျက်ခုံးထူထူ နှစ်ဘက်က နှစ်ခြိုက်စွာ အိပ်မောကျနေသဖြင့် တွန့်ချိုးမနေပဲ ပြေလျော့ နေသဖြင့် ပိုမို နုပျိုသွားစေသယောင်ပင်..

ဖြောင့်စင်းနေသော နှာတံမြင့်မြင့်လေးအောက် ခပ်ပါးပါးနှုတ်ခမ်းများရဲ့ အပေါ် ချိုင့်ခွက်သေးသေးလေးက နုတ်ခမ်းတစ်စုံ၏ တိရိသေသပ်မှုကို ပုံပေါ်စေသည်။

ငုတ်စိတိုတိုလေးများထွက်လာသည့် စိမ့်ညို့ညို့ မေးစိကြမ်းရှရှလေးက အရွယ်ရောက် ယောက်ျားပျို တယောက်ကို ခန့်ညားစေသည်ဟု နွေဦးထင်သည်။

သို့သော်လည်း..

အိပ်ပျေ။ာ်နေသော သူက သည်လို နှုတ်ခမ်းဖျားများ ကော့ညွတ်စရာလို လို့လား..

သွားပြီ...သူ့ရင်ဘက်ပေါ်မှ ငေးမောနေမိသော နွေဦး ဘေးသို့ လှိမ့်ကာ ဖယ်ဖို့ပြင်လိုက်ပေမယ့် သန်မာလှသည့် လက်မောင်းများက ရစ်ပတ်ပြီး ခါးမှ ပွေ့တင်လိုက်သဖြင့် နွေဦး တကိုယ်လုံး သံလွင့် ကိုယ်ပေါ်သို့ ရောက်ရှိသွားလေသည်။

"အာ.. အကို.."

မျက်စိမှိတ်လျက်နှင့်ပင် ထွေးဖက်ထားသဖြင့် နွေဦးမှာ သူ့ရင်ခွင်ပေါ်မှောက်လျက် ရှိနေရသည်။

တစ်ခုသော နွေဦးဝယ်. . တစ်ခုသော နွေဦးဝယ်. . (Completed)Where stories live. Discover now