Intro (Unicode)

136K 5.1K 153
                                    

စာအုပ်အဖြစ်ထွက်ရှိပြီးဖြစ်တဲ့

* စည်း__✏️

* ကြယ်တွေကြွေသောည 🌠

* ကြယ်တွေကြွေသောည Sequel 🌌

* ထာ၀ရပုံပေ 🌋

* တောင်တောရယ်သာ 🏞

* ဆူး ❤️‍🩹

စာအုပ်တွေအားလုံးကို we distribution online bookshop မှာ မှာယူနိုင်ပါတယ်။
ကျေးဇူးပါ ❤️💛💙

we distribution Facebook Page

📞09250091913
📞09972293371
⌚9:00 Am to 5:00 PM

💕💕💕💕💕💕💕💕💕💕💕💕

ဆူး..

ဆူးတစ်ချောင်း ကျွန်တော့်လက်ဖဝါးပြင်မှာ စိုက်ဝင်နေသည်။

ဘယ်အချိန်ကဆိုတာ ကျွန်တော်မသိလိုက်။

ဘယ်ကနေဘယ်လို စူးသွားသည်ဆိုတာကိုလည်း ကျွန်တော် သတိမထားမိလိုက်ပါ။

ကျွန်တော်သတိထားမိသည့်အချိန်မှာ ဒီဆူးတစ်ချောင်းသည် ကျွန်တော့်လက်ဖဝါးပြင်မှာ စူးဝင်နေပြီဖြစ်သည်။

နာတာတော့မဟုတ်။

အောင့်သက်သက်ဖြစ်ခြင်းမျိုး။

မကျေမလည်ဖြစ်သည်ဆိုက ပိုမှန်မှာပါ။

သူက ကျွန်တော့်ရဲ့ဖြစ်တည်မှုအပေါ် ကျူးကျော်ဝင်ရောက်လာသူ။ ကိုယ်ခန္ဓာနာကျင်မှုကြောင့် မဟုတ်ပေမယ့် ဒီဆူးကို ကျွန်တော့်ဦးနှောက်က လက်မခံ။ ထုတ်ပစ်ခိုင်းသည်။ မဆိုင်းမတွပင် ဒီဆူးကို နှုတ်ပစ်ဖို့ ကျွန်တော်ကြိုးစားသည်။

သူ့ကို ကျွန်တော့်လက်သည်းများနှင့် ညှပ်ဆွဲထုတ်ဖို့ ကြိုးစားခြင်းသည် ကျွန်တော့်ရဲ့ ပထမဆုံးကြိုးစားချက်ဖြစ်သည်။ မအောင်မြင်ပါ။ သူက ဖြုံတောင်မဖြုံ။ လက်သည်းကြားမှာ ညှပ်မိရလောက်အောင် သူ့တည်ဆောက်မှုသည် မထူထဲပါ။ ပါးလှပ်လွန်းသည်။ ပြီးတော့ သူသည် နှင်းဆီဆူးလည်းမဟုတ်။ အပင်ဆူးချွန်လည်းမဟုတ်။

ဘာဆူးမှန်းကို မသိသည့် ဆူးဖြစ်သည်။

သူ စူးဝင်နေသည့်နေရာက ကျွန်တော့်လက်မအောက်က လက်ဖဝါးပြင်မှာဖြစ်သည်။ ညှစ်ထုတ်လို့အဆင်မပြေ။ အသားကိုဖိကာ ဆွဲထုတ်လို့လည်းမရ။ ဒေါသဖြစ်ဖြစ်နှင့် ကျွန်တော် ဒီအတိုင်းထားလိုက်သည်။

ဆူးWhere stories live. Discover now