အပိုင်း ၂၀

17.7K 1.9K 247
                                    

လက်ကောက်ဝတ်မှာ ပတ်ထားသော ရွှေရောင် လက်ပတ်နာရီ သေးသေးလေးကို ငုံ့ကြည့်ရင်း လင်းလက် သောက်လက်စ ကော်ဖီခွက်ကို ပြန်ချလိုက်သည်။ အပြာနက်ရောင် V ပုံစံလည်ပင်းနည်းနည်းဟိုက်သည့် လက်ပြတ်အကျီင်္လေးနှင့် ဆင်တူ ပေါင်လယ် ဘောင်းဘီတိုပွပွလေးကို ဝတ်ထားသောကြောင့် ဖြူဖွေးသော ပေါင်တံနှင့်ခြေထောက်စင်းစင်းလေးမှာ ထင်းနေသည်။ အကျီင်္အနားသတ်က ခပ်ပွပွဖြစ်ကာ ဘောင်းဘီနှင့်ဆက်နေသောနေရာတွင် သားရေကြိုးခံထားသောကြောင့် ကိုယ်လုံးလှလှလေးမှာလည်း မြင်သာနေသည်။

ပြတင်းပေါက်မှန်မှာထင်နေသော မိမိပုံရိပ်ကို ငဲ့ကြည့်ရင်း တစ်ခုခုများ လိုအပ်နေဦးမည်လားဆိုသည့် သံသယက ဖျောက်ဖျက်မရ။ မိတ်ကပ်မလိမ်းထားပေမယ့် ဖြူဥနေသော မျက်နှာလေးမှာ ရှိးရှင်းစွာ လှနေသည်။ နဂိုနီထွေးနေသော နှုတ်ခမ်းလှလှလေးပုံပေါ်စေရန် အဆီနှုတ်ခမ်းဆိုးဆေးကိုသာ ရိုးရိုးလေးဆိုးထားသည်။ လက်သည်းရှည်များကိုတော့ ဝတ်ဆင်ထားသော အဝတ်အစားနှင့်လိုက်ဖက်ရန် ပုလဲရောင်ရှင်းရှင်းလေးပေါ်မှာ ခရမ်းရောင်ဖျော့ဖျော့လိုင်းလေးများ ရစ်ပတ်နွယ်နေဟန် ပုံဖော်ထားသည်။

"ပူစူးရေ။"

"ရှင်မမ။"

"လာပြီလား သွားကြည့်ပါဦး။"

ဘယ်နှစ်ကြိမ်မြောက်အောင်မှန်းမသိဘဲ ခိုင်းမိပြန်ပြီဖြစ်သည်။ ပူစူးမ၏ ခြေသံတရှပ်ရှပ်ကို နားထောင်ရင်း လင်းလက် စိတ်တွေလောနေမိသည်။

"လာပြီ မမရေ။ ကားရောက်နေပြီ။"

အိမ်ရှေ့မှ ပူစူးမ အသံကိုကြားသည်နှင့် လင်းလက် ဝုန်းခနဲ ထရပ်မိသွားသည်။ စိတ်လှုပ်ရှားခြင်းများနှင့်အတူ ပျော်ရွှင်နေသည်။ သူမ အိမ်ရှေ့ကိုရောက်လာချိန်မှာတော့ ကိုကိုက အငှားကားပေါ်မှဆင်းပြီး ခြံထဲသို့ပင် ရောက်နေပြီဖြစ်သည်။

"ဟိတ်။ ကောင်မလေး။"

နွေးထွေးလွန်းသော နှုတ်ဆက်သံ။ ကားပေါ်မှဆင်းလာသော ကိုကိုသည် အချိန်တွေဘယ်လောက်ကုန်ကုန် မပြောင်းလဲသော ကျောက်ဆစ်ရုပ်ထုလားဟုပင် လင်းလက် ထင်မိသည်။ ကြံ့ခိုင်အချိုးကျသော ကိုယ်ခန္ဓာအနေအထားသည် တက္ကသိုလ်ကျောင်းသားအရွယ်ကလိုပင် ဘာမှပြောင်းလဲမှုမရှိ။ ပြေပြစ်သောမေးရိုး၊ ဖြောင့်တန်းသောနှာတံ၊ အနားသတ်မျဉ်းများဖြင့်ဘောင်ခတ်ထားသလို တိကျသောနှုတ်ခမ်းများနှင့် တကယ့်ကိုလူချောတစ်ယောက်ပါ။

ဆူးWhere stories live. Discover now