အပိုင်း ၂၇

17.6K 1.9K 142
                                    

တိမ်စိုင်များကြားမှ ရောင်ခြည်တန်း သုံးတန်းသည် ပင်လယ်ပြင်ထက်မှာ ဆလိုက်မီးထွန်းထားသလို ဖြာကျနေသည်။ မီးခိုးရောင်သန်းနေသော ပင်လယ်ပြင်ကြောင့် အဖြူရောင်လှိုင်းလုံးငယ်များသည် ပိုမိုတောက်ပနေသလို။ ရေကျချိန်မှာ ချန်ထားခဲ့သော ပင်လယ်ပြင်မှ ဆားငန်ရေအိုင်လေးများသည် ကျောက်ဆောင်များ၏ ပတ်ပတ်လည်တွင် ဝန်းရံတည်ရှိနေသည်။ လက်ချောင်းပေါင်းများစွာ ယှက်ရက်ထားသလို ဖြာကျနေသော ရေစီးကြောင်းငယ်များကလည်း ထိုရေအိုင်ငယ်များမှ ပင်လယ်ပြင်ရှိရာ စီးဆင်းနေသည်။

မိုးဖွဲလေးများသည် တဖွဲဖွဲကျနေရာမှ ခပ်စိပ်စိပ် ကျဆင်းလာနေသည်။ တဖြည်းဖြည်း အရှိန်ရလာသော ပင်လယ်လေသည်လည်း အအေးဓါတ်များကို ပိုမိုအစွမ်းထက်လာအောင် ကူညီပေးနေပြန်သည်။

"အခန်းထဲ သွားတော့ ဒီဒီ။ အေးလာပြီ။"

မမ စကားကို နားမထောင်ချင်ပေမယ့် ဒီမိုးယံ နေရာမှ ထရပ်ဖြစ်သည်။ ခပ်လှမ်းလှမ်း သောင်ပြင်တစ်နေရာမှ လူရိပ်များကိုတွေ့တော့ မအံ့သြဘဲမနေနိုင်။ ဒီလောက် အေးနေသည်ကိုပင် မိုးစက်များကြားမှ ပြေးလွှားဆော့ကစားနေသော ကလေးငယ်တစ်ယောက်။ သူ့နောက်မှ ဖခင်ဖြစ်ဟန်တူသူက အပြေးလိုက်နေသည်။ သူတို့နှင့် မလှမ်းမကမ်းမှာတော့ မိခင်ဖြစ်သူက ခမောက်ကို လွင့်မသွားအောင် လက်နှင့်ထိန်းရင်း လမ်းလျှောက်လာနေသည်။

တကယ့်ကို လှပလွန်းသည့် မိသားစု ပန်းချီကားချပ်လေးပါ။

ကျယ်ပြန့်လွန်းသော သောင်ပြင်ကြောင့် ရိပ်ရိပ်လေးသာ မြင်ရသော လူပုံလေးများကို သူ မျက်စိမလွှဲနိုင်လောက်အောင်စိုက်ကြည့်နေမိသည်။ ကလေးငယ်မှာ ဖိနပ်မပါ။ ဂါဝန်စလေးက ပြေးနေသည့် ကလေးနောက်မှာ တလွင့်လွင့် ဝဲပျံနေသည်။ ရွှင်မြူးသောရယ်သံက လေညှင်းကြားမှတဆင့် သူ့ဆီရောက်လာသည်။

"သဇင်.."

မဖြစ်နိုင်ပါ။

ညီမငယ်ဖြစ်သူ နွေသဇင်လေး၏ ရယ်သံနှင့် ဆင်လွန်းပေမယ့် ဘယ်လိုမှ မဖြစ်နိုင်။ အုတ်တံတိုင်းနိမ့်ကို ခုန်ကျော်ရင်း သောင်ပြင်ပေါ် ဒီမိုးယံ ပြေးဆင်းသွားခဲ့သည်။ အနားသို့ရောက်လာလေလေ ကလေးငယ်၏သွင်ပြင်မှာ ပိုပြီး ထင်ရှားလာလေလေဖြစ်သည်။ သောင်ပြင်တစ်လျှောက် သူ ရှိရာဘက်ဆီသို့ ပြေးလာနေသော ကလေးငယ်မှာ တကယ်ပင် သဇင်လေးဖြစ်သည်။ ကလေးငယ်၏ မိခင်နှင့်ဖခင်ဟု သူ ထင်ထားခဲ့သည့် လူ ပုံများသည်လည်း မှားယွင်းစရာ အကြောင်းမရှိ။

ဆူးWhere stories live. Discover now