အပိုင်း ၃၀

17.9K 1.8K 78
                                    

အဆက်မပြတ်မြည်လာသော ဖုန်းသံကြောင့် ကားမောင်းနေရာမှ တစ်ဘက်ဘေးထိုင်ခုံတွင် ပစ်ထည့်ထားသော ဖုန်းကို ဒီမိုးယံ တစ်ချက်လှမ်းကြည့်လိုက်သည်။ bluetooth နှင့်ဆက်သွယ်ထားသည့် နားထဲမှ နားကြပ်ငယ်ကိုပါ ခလုတ်ဖွင့်လိုက်သည်။

"ဒီမိုးယံ။ မင်း ဦးနှောက်မှ ကောင်းသေးရဲ့လားကွ။"

နားကြပ်ထဲမှ သူငယ်ချင်းဖြစ်သူ မှူးသစ္စာရဲ့စကားအဆုံးမှာ ဒီမိုးယံ စိတ်ပျက်စွာ ခေါင်းခါဖြစ်သည်။ သူ့မှာ မကောင်းတာဆိုလို့ ဒီဦးနှောက်ပဲ ရှိတာလေ။ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်ကာ ဘရိတ်ပေါ်မှ ခြေထောက်ကိုနည်းနည်းကြွရင်း နောက်ထပ်ဘီးတစ်လုံးစာ ရွေ့လျားသွားရန် မောင်းနှင်ဖြစ်သည်။ ရန်ကုန်မြေမှာ ကားမောင်းရတာလောက် စိတ်ကုန်ဖို့ကောင်းတာမရှိပါ။

"မင်းကွာ။ ဒီလိုအခွင့်အရေးမျိုးကိုမှ ငြင်းစရာလား။ Paris ကွ။ Paris။ အဲဒီ့မှာ ရှိုးပွဲလျှောက်ရမှာ မင့်ပထွေးမို့လို့ ငြင်းရတာလား။"

ဖုန်းထဲမှ မှူးသစ္စာရဲ့ မကျေနပ်သံကို သူ နားလည်နိုင်ပါသည်။ တကယ်တော့ သူလည်း မငြင်းချင်ပါ။ အနုပညာလောကထဲကို စရောက်လာကတည်းက မင်းသားလုပ်ဖို့ဆိုတာ သူ့ စိတ်ကူးထဲမှာမရှိသလို ကြော်ငြာတွေ၊ MTV ဆိုတာတွေကိုလည်း အလုပ်သဘောအရသာ သူ လုပ်ဖြစ်ခဲ့တာဖြစ်သည်။ ဒီမိုးယံ တကယ်ခုံမင်သည်က လမ်းလျှောက်စင်ထက်မှ ရှိုးပွဲများဖြစ်သည်။ မီးမောင်းထိုးထားသည့် လမ်းလျှောက်စင်ကိုတွေ့တာနှင့် သူ့ရင်တွေ တဒိန်းဒိန်းခုန်လာကာ သွေးကြောထဲမှ ခွန်အားတွေ ရုန်းထွက်လာတတ်သည်။ မော်ဒယ်တစ်ယောက်အနေနှင့် သူ့အတွက်အကျေနပ်ဆုံးအချိန်များမှာ ရှိုးပွဲလျှောက်ခဲ့ရသည့် အချိန်များသာဖြစ်သည်။

နိုင်ငံတကာအတွေ့အကြုံဆိုတာကိုလည်း သူ မက်မောခဲ့ဖူးသည်။ အာရှနိုင်ငံတစ်ချို့မှာ အတွေ့အကြုံရှိခဲ့သော်လည်းဖက်ရှင်မြို့တော်လို့ ပြောလို့ရသည့် အီတလီမှ မီလန်မြို့နှင့် ပြင်သစ်မှ Paris မြို့တွေမှာ တစ်ခါတစ်ခေါက်လောက် ရှိုးပွဲလျှောက်ချင်ခဲ့သည်မှာ ဒီလောကထဲကို ခြေချကတည်းက သူ မက်ခဲ့သည့် အိပ်မက်တစ်ခုပါ။

ဆူးWhere stories live. Discover now