အပိုင်း ၃၁

16.8K 1.7K 44
                                    

မိုးတိမ်မိုးသားများနှင့်ပြည့်နှက်နေသော ပါရီမြို့ညနေချမ်းသည် အေးချမ်းလှပါသည်။ ဟိုတယ်အခန်းတွင်းမှာ အပူပေးစက်ကြောင့် နွေးသော်လည်း ပြတင်းမှန်တံခါးမှာ ရေမှုန်ရေစက်တို့ ခိုအောင်းလောက်အောင် အခန်းအတွင်းနှင့် အပြင်ဘက် အပူချိန်မှာ ကွာခြားနေသည်။ သန့်ဖြူနေသော ခေါင်းအုံးစွပ်နှင့်အိပ်ရာခင်းက ထိရက်စရာမရှိ။ အိပ်ရာထက်မှာ ရေချိုးမျက်နှာသုတ်ပဝါကြီးနှစ်ထည်ကို အရှည်လိပ်ကာ အသည်းပုံဖော်ရင်း တင်ထားသည်ကို အခန်းထဲဝင်ဝင်ချင်း တွေ့ခဲ့ရတုန်းက ဒီမိုးယံ ပြုံးခဲ့ရသေးသည်။

ဒါပေမယ့် အခုတော့ အဲဒီ့မျက်နှာသုတ်ပဝါနှစ်ထည်သည် ကုတင်ပေါ်မှာ မရှိတော့။ အခန်းထဲရောက်သည်နှင့် ဆွဲဖယ်ကာ သူ ကုတင်ပေါ်ခုန်တက်ရင်း အိပ်ပျော်အောင် အိပ်ဖြစ်ခဲ့သည်။ တစ်ညလုံး လေယာဉ်ပေါ်မှာ နေရသည်မှာ ပေါက်ကွဲခါနီး မော်တော်စက်ပေါ် ထိုင်ခုံတင်ကာ ခရီးထွက်နေရသလို သူ့ကိုအနှောင့်အယှက်ဖြစ်စေခဲ့သည်။

ရှိုးပွဲလျှောက်ဖို့ ရက်တွေလိုသေးပေမယ့် သူက ရှိုင်းထွဋ်နှင့်လျှောက်လည်ဖို့ အချိန်ရရန် ရက်စောပြီး ရန်ကုန်မှထွက်ခဲ့ခြင်းဖြစ်သည်။မိုးလင်းကတည်းက သူတို့နှစ်ယောက် ပါရီမြို့သို့ရောက်ခဲ့သော်လည်း အခုသူနိုးလာတော့ ညနေစောင်းအချိန်ပင်ဖြစ်နေပြီဖြစ်သည်။ ရန်ကုန်နှင့်အချိန်ချင်းလည်းကွာသောကြောင့် ဘယ်အချိန်ရှိပြီဆိုတာကိုတောင် သူ သေချာမသိတော့။ ဝမ်းတစ်ခုလုံး ဟာတာတာနှင့် အလွန်ဆာလောင်နေတာကိုသာ သူသိသည်။

ခေါင်းအုံးပေါ်မှ ခေါင်းထောင်ရင်း ဘေးဘီဝဲယာကို လှည့်ကြည့်တော့ တစ်ယောက်ထိုင်ဆိုဖာပေါ်မှာ စာရွက်များကြား အလုပ်ရှုပ်နေသည့် ရှိုင်းထွဋ်ကိုတွေ့လိုက်ရသည်။

"ထွဋ်ထွဋ်.."

"ဟင်.."

စာရွက်ကို စိတ်ဝင်စားစွာ ငုံ့ဖတ်နေရာမှ သူ့ကိုမော့ကြည့်ပြီး ပြုံးသည်။ ပါးချိုင့်ငယ် ပါးပါးထင်ရုံ မသိမသာလေးဖြစ်သည်။

"ထဦး ဒီဒီရ။ ငါ မင်း အတွက် ဆူရှီဝယ်ထားတယ်။"

ရှိုင်းထွဋ်ဘေးမှ လေးထောင့်စားပွဲပေါ်တွင် ပလတ်စတစ် အကြည်ဗူးဖြင့်ထည့်ထားသော ရောင်စုံဆူရှီများကို စားချင်စဖွယ် တွေ့လိုက်ရသည်။ တဒိန်းဒိန်းထိုးနာနေသောခေါင်းကိုဖိရင်း အိပ်ရာမှ ခပ်ဖြည်းဖြည်းထဖြစ်သည်။ သိပ်တော့မလွယ်ပါ။ ရှိုင်းထွဋ် မြင်သွားမည်စိုး၍ သူ မျက်နှာကိုမမဲ့ဖြစ်အောင် မနည်းသတိထားနေရသည်။ ဒါပေမယ့် သူ့ရှေ့မှ စာရွက်များနှင့် ပြန်အလုပ်ရှုပ်နေသည့် ရှိုင်းထွဋ်က သူ့ကိုကြည့်မနေပါ။

ဆူးWhere stories live. Discover now