Part-1

25.7K 1.4K 70
                                    

Unicode;

ခရစ်နှစ် ၁၃၉၂ ခုနှစ် Joseon ခေတ်။

"Jimin လေး သွားသွား ဟို ပိုးစုန်းကြူးဆောင် အခန်း ၂၃ က Gong လူကြီးမင်း အခန်းကို သေရည်သွားပို့လိုက်ဦး"
"ဟုတ်ကဲ့ အန်တီ Soo"

သေရည်အိုး ၂ အိုးသည်ကာ Gong လူကြီးမင်းတို့ အခန်းထဲ ပြေးလွှားသယ်ပို့ ပေးရသည်။ အပျော်မယ်တွေနဲ့ တော်တော် စခန်းရောက်နေပြီ ဖြစ်တဲ့ လူကြီးမင်းတွေက သူဝင်လာတာတွေ့တော့ မကျေမနပ်နဲ့ ပန်းကန်လုံးနဲ့ ထုကြသည်။

"ဟို သေရည်လာပို့တာပါဗျ"

ပြောပြီး သေရည်အိုးချကာ ပြန်ပြေးထွက်လာရသည်။ စားဖိုဆောင်ဘက် ပြန်ရောက်မှ သက်ပြင်းတချက် ချမိသည်။

"ဟူး.........."
"အမယ် တက်ကြွတဲ့ Park Jimin ဒီနေ့တော့ သက်ပြင်းတွေ ဘာတွေ ချလို့ပါ့လား"
"ဟီး သိတယ်မလား သောကြာနေ့ညဆိုတော့ လူစည်ကားနေတာ နားကို မနားရသေးဘူးဗျ ဒီကြားထဲ ဆောင်ကျန်ကွမ် ကျောင်းတော်ကလည်း စာမေးပွဲ ပြီးထားတော့ ကျောင်းသားတွေရော လူကြီးမင်းတွေရော စုံနေပါရောပဲ"
"အမလေး မနက်ဖြန်ဆို ပိုလို့တောင် ဆိုးဦးမှာ"
"ဘာလို့လဲဗျ"
"မြို့စားမင်းစာမေးပွဲတုန်းက အောင်ထားတဲ့ သူတွေကို မနက်ဖြန် ရာထူးနဲ့ အတည်တကျ လွှဲပေးတော့မှာလေ အဲ့ကျ မနက်ဖြန်ည လူကြီးမင်း အသစ်တွေ ဒီကို လာကြမှာ သေချာတယ်"
"အမယ် အန်တီ Soo က သေချာနေပါ့လား"
"အမလေး ဆောင်ကြာမြိုင်တွေအားလုံးထဲမှာ တို့တွေရဲ့ ဂန္ဓမာ ဆောင်ကြာမြိုင်ကလေ သတင်းအမွှေးဆုံးပဲ သိရဲ့လား"
"ဟားဟား အဲ့ဒါ သခင်မကြီး Yang က ပျော်ရမှာ အန်တီ Soo က ဘာလို့ ပျော်နေတာလဲ"
"အမလေး တို့ ဆောင်ကြာမြိုင် နာမည်ကြီးတာ အပျော်မယ်တွေရဲ့ အလှတခုထဲကြောင့် မဟုတ်ဘူး ဟောဒီက မင်းအန်တီရဲ့ လက်ရာကြောင့်လည်း ပါတယ်"
"ဟား ဟုပါပြီဗျ ခုတော့ သေရည်အိုးတွေ ထပ်ခပ်လိုက်ဦးမယ် မနက်မှသာ ဆက်ကြွားတော့"

ပြောပြီး Jimin သေရည် ဂိုထောင်ထဲ ဝင်လာသည်။ သေရည်တွေကို အိုးအကြီးထဲမှ အိုးအသေးဆီ လွဲပြောင်းနေလိုက်သည်။ သေရည်နံ့ကို သူကြိုက်သည်။ ငယ်ကတည်းက သေရည်နံ့ကို ရူရှိုက်ပြီး အသက်ရှင်လာရတဲ့ သူ့အတွက် သေရည်နံ့ကို ရိုးမသွား သေရည်ကိုတော့ မကြိုက်မိ။

My Little ServantМесто, где живут истории. Откройте их для себя