Part-13

7.1K 900 32
                                    

Unicode;

"ဘာမှမဖြစ်ဘူး ကလေးနဲ့ မဆိုင်ဘူး ကိုယ်လုပ်လိုက်တာ ကိုယ်ရှင်းနိုင်တယ် ကလေး ဒီနေရာက ထွက်သွားတော့"

ပထမဆုံး မျက်စိရှေ့ လူတစ်ယောက်ကို ဓါးနဲ့ထိုးတာ မြင်လိုက်ရတဲ့ Jimin တစ်ကိုယ်လုံး တုန်နေပြီး ကြောင်ကြည့်နေမိသည်။ စိတ်နဲ့ ခန္ဓာနဲ့ မကပ်ဖြစ်နေတဲ့ Jimin ပခုံးလေးနှစ်ဖက်ကို Jungkook လှုပ်ရမ်းလိုက်ပြီး

"Park Jimin အသိစိတ်ကပ်စမ်းပါ သွားတော့ဆို"
"ဒါပေမယ့် Jungkook"
"သွားတော့ဆို ထွက်သွား.... Ji Yeon na နင့်သခင်လေးကို လာခေါ်စမ်း"
"ဟုတ်ကဲ့ သခင်ကြီး"

တကိုယ်လုံးတုန်လှုပ်နေတာကြောင့် မတ်တပ်တောင် မရပ်နိုင်တဲ့ Jimin ကို Ji Yeon တွဲလိုက်ရသည်။ Jungkook လည်း Jimin ကို စင်သွားတဲ့ သွေးစတချို့ကို သုတ်ပေးနေရင်း

"ဒီနေ့ ကလေး ဘာမှ မမြင်ခဲ့ဘူး ဘာမှ မဖြစ်ခဲ့ဘူး ဘယ်သူပဲ မေးမေး ကလေး ဒီနေရာမှာ မရှိခဲ့ဘူး ကြားလား"
"ဒါပေမယ့် Jungkook"
"ကိုယ့်စကားနားထောင် ဘယ်သူပဲမေးမေး ဒီနေ့ ဒီနေရာမှာ ကလေးမရှိခဲ့ဘူး ကြားလား.. Ji Yeon Jimin ကို သူ့အခန်းထဲ ခေါ်သွား ဘယ်သူမေးမေး မနက်စာစားပြီး ကတည်းက တနေကုန် အခန်းထဲမှာ ရှိတယ်ပဲဖြေ ကြားလား"
"ဟုတ်ကဲ့ သခင်ကြီး"

Ji Yeon လည်း Jimin ကို ခေါ်သွားတော့သည်။ Jimin ထွက်သွားတာနဲ့ Jimin အင်္ကျီစ အပြဲတို့ကို အစအနမကျန် ကောက်ယူ လွင့်ပစ်လိုက်သည်။ Yoo ညီ ခန္ဓာကို သယ်ကာ  အိမ်တော် အနောက် မြေကွက်လပ်ကို သယ်ယူလာလိုက်သည်။ မြေကို အရင်တူးနေစဉ်

"မြို့စားမင်းကြီး ဒါ ဘာလုပ်နေတာလဲ"

ဘယ်က ရောက်လာမှန်း မသိတဲ့ Yoo အကို ကြောင့် Jungkook တစ်ကိုယ်လုံးက သွေးတို့ ရပ်တန့်သွားသလိုတောင် ခံစားရသည်။

"ဝါး လူထပ်သတ်တာပဲ Jeon မြို့စားမင်းကြီးက"

Jungkook ဘာဖြေရမှန်းမသိ ဘာမှမဖြေပဲ ငြိမ်နေလိုက်သည်။ Yoo အကိုက အလောင်းနားကပ်ကာ

"မှန်းစမ်း ဒီတခါ ဘယ်သူလဲ"

အနားရှိ အလောင်းရဲ့ ခန္ဓာကိုယ်ကို လှန်ချလိုက်ရာ Yoo ညီ မျက်နှာ ဖြစ်နေသောကြောင့် Yoo အကိုလည်း တစ်ကိုယ်လုံး တုန်လှုပ်သွားတော့သည်။

My Little ServantTahanan ng mga kuwento. Tumuklas ngayon